နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်
2016.09.06

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၈ ကြိမ်မြောက်နဲ့ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွေနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးပွဲတွေ တက်ရောက်ဖို့ ဒီကနေ့ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ ကို ရောက်ရှိနေပါတယ်။
အဲ့ဒီအစည်းအဝေးကို စက်တင်ဘာလ ၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး အစည်းအဝေးအပြီးမှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဌတာဝန်ကို လာအိုနိုင်ငံက ဖိလစ်ပိုင်နိုင်ငံဆီ လွှဲပြောင်းပေးအပ်မှာ လည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာအိုနိုင်ငံကို ဒီတစ်ကြိမ်သွားရောက်တာဟာ တတိယအကြိမ်မြောက်ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီခရီးစဉ်အတွင်း နယူးဇီလန်ဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ်တို့နဲ့ လည်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး မိန့်ခွန်းပြော ကြားမှာလည်း ဖြစ်ပါတယ်။