မြန်မာစစ်အစိုးရကို ထုံထိုင်းသူများအဖြစ် စင်ကာပုူဝါရင့်ဝန်ကြီးရှုမြင်
2010.12.15

၂၀၀၇ ခုနှစ်က စင်ကာပူ ဝါရင့်ဝန်ကြီး လီကွမ်းယူနဲ့ အမေရိကန် အစိုးရ အရာရှိတွေ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ပေါများတဲ့အတွက် ဘယ်လို စီးပွားရေး ပိတ်ဆို့ အရေးယူမှုကိုမဆို ကြံ့ကြံ့ခံနိုင်ကြောင်း အဲဒီအချိန်က မြန်မာသံအမတ်ကြီးက ပြောခဲ့ကြောင်း မစ္စတာလီကွမ်ယူးက ပြောခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေဟာ ခပ်ထိုင်းထိုင်း၊ ထုံပေပေ လူစားမျိုးတွေ ဖြစ်ကြောင်း၊ အတိုက်အခံ ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေနဲ့ ရှေ့ထွက်လက်တွဲ အလုပ်လုပ်နိုင်မဲ့ လူငယ်မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်တွေ ပေါ်ထွက်လာမှသာ မြန်မာ့အရေး တိုးတက် ပြောင်းလဲ လာနိုင်ကြောင်း
မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် ကတည်းက လက်လျှော့ထားပြီး ဖြစ်ကြောင်း၊ မြန်မာ စစ်ခေါင်းဆောင်တွေဟာ ခပ်ထိုင်းထိုင်း၊ ထုံပေပေ လူစားမျိုးတွေ ဖြစ်ကြောင်း၊ အတိုက်အခံ ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေနဲ့ ရှေ့ထွက်လက်တွဲ အလုပ်လုပ်နိုင်မဲ့ လူငယ်မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်တွေ ပေါ်ထွက်လာမှသာ မြန်မာ့အရေး တိုးတက် ပြောင်းလဲ လာနိုင်ကြောင်း ပြောကြားခဲ့တယ်လို့လည်း Wikileaks က စင်ကာပူ အမေရိကန်သံရုံး အစီရင်ခံစာကို ကိုးကားပြီး ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့ ဗြိတိန်ထုတ် the Guardian သတင်းစာက ရေးပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်ခန့်ဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ကိုရွေးပါဆိုရင် လက်ရှိ အင်ဒိုနီးရှားသမတ ဆူဆီလို ဘန်ဘန်း ယိုဒိုယိုနိုဟာ အသင့်တော်ဆုံးဖြစ်တယ်လို့ ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
အသက် ၈၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မစ္စတာ လီကွမ်းယူဟာ လက်ရှိ စင်ကာပုူအစိုးရအတွင်း ဝါရင့်ဝန်ကြီးအဖြစ် နိုင်ငံ့ဦးသျှောင် အကြံပေးအဖြစ် ဆက်လက် ရှိနေပြီး လက်ရှိ ဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖခင်လည်း ဖြစ်ပါတယ်။