ရွှေညဝါဆရာတော် ပြည်ပသာသနာပြုခရီး ကြွမယ်

နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့အမိန့်နဲ့ သာဓုပရိယတ္တိ စာသင်တိုက်ကနေ နှင်ထုတ်ခံရပြီး မှော်ဘီမှာ သီတင်းသုံးနေထိုင်တဲ့ ရွှေညဝါဆရာတော် ဦးပညာသီဟဟာ နောက်လဆန်းကစပြီး နိုင်ငံရပ်ခြားကို ပြည်ပ သာသနာပြုခရီး ကြွမယ်လို့ သိရပါတယ်။

2012.03.24
shwenyawar-305 ရွှေညဝါဆရာတော် အရှင်ပညာသီဟကို ဖူးမြင်ရစဉ်
RFA

ဆရာတော်ဟာ အမေရိကန်နိုင်ငံရောက် မြန်မာကွန်ယက်အဖွဲ့အစည်းရဲ့ စီစဉ်မှုနဲ့ အာရှနဲ့ ဥရောပက ဒိန်းမတ်၊ နယ်သာလင်၊ ဖင်လန်၊ နော်ဝေး၊ အင်္ဂလန်နဲ့အမေရိကန်နိုင်ငံတွေကို ကြွမှာဖြစ်ပါတယ်။

ရှေ့လ ၁၀ ရက်နေ့မှာ ထိုင်းသာသနာပြုခရီး စတင်မှာဖြစ်ပြီး ခရီးစဉ်နဲ့ပတ်သက်ပြီး ဆရာတော်က အခုလို မိန့်ပါတယ်။

"အမေရိကန်မှာ ရောက်နေတဲ့ ဒကာတွေက သာသနာပြုလုပ်ငန်းတွေအတွက် ကျောင်းဆောင်တွေ တည်ဆောက်နိုင်ဖို့အတွက် တရားပွဲတွေ ဥရောပနိုင်ငံ အသီးသီးမှာ ပြင်ဆင် ကျင်းပပေးမယ်၊ ဆရာတော် ကြွနိုင်မလားဆိုလို့ ကြွမယ်လို့ ပြောလိုက်တာလေ။ သူတို့လှူတဲ့ နဝကမ္မတွေကို ဗမာပြည်မှာ ဘုန်းကြီးလိုအပ်နေတဲ့ ကျောင်းအဆောက်အဦတွေ ဆောက်ပြီးတော့ ဗုဒ္ဓတက္ကသိုလ်ကြီး ပြန်ဖွင့်ပြီး သံဃာတွေကို တစ်ထောင်လောက် ပြန်မွေးပြီးတော့ သာသနာပြုလုပ်ငန်းတွေကို ပြန်လည် ထူထောင်မယ်"

ရွှေညဝါဆရာတော်ဟာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေရပ်က NLD ရုံးမှာ တရားဟောခဲ့တဲ့အတွက် ဆရာတော်သီတင်းသုံးတဲ့ သာဓုပရိယတ္တိ စာသင်တိုက်ကနေ ဖယ်ရှားဖို့ နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့က အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။