စစ်ကိုင်းတိုင်းက သပိတ်စစ်ကြောင်းတစ်ခု ပစ်ခတ်ဖြိုခွင်းခံရပြီး လူခုနစ်ဦး ဖမ်းဆီးခံရ

2021.07.23
စစ်ကိုင်းတိုင်းက သပိတ်စစ်ကြောင်းတစ်ခု ပစ်ခတ်ဖြိုခွင်းခံရပြီး လူခုနစ်ဦး ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ၂၀၂၁ ဇူလိုင် ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဂုဏ်တောရွာမှာ ဒီနေ့ ဇူလိုင်လ ၂၃ ရက်နေ့မနက်က အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခံရပြီးနောက် ဒေသခံ ခုနစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

ဂုဏ်တောရွာအရှေ့ဘက်မှာ သပိတ်စစ်ကြောင်းနဲ့ စစ်တပ်တို့ ထိပ်တိုက်တွေ့ရာကနေ ပစ်ခတ်ဖြိုခွင်းခံခဲ့ ရတာလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

“ရွာထိပ်မှာ စစ်ကားတွေနဲ့ မတော်တစ်ဆ တွေ့ကြတာပေါ့၊ တွေ့တော့ သေနတ်တွေနဲ့ ရွာထဲထိ လိုက်ပစ် တယ်။ သူတို့က ထိအောင်မပစ်ချင်လို့သာ ဒဏ်ရာမရကြတာပါ၊ တကယ်ပစ်ရင် ထိနိုင်ပါတယ်။ ဆန္ဒပြ တဲ့အထဲက တစ်ယောက် အိမ်တစ်အိမ်ဝင်ပုန်းတော့ အိမ်ရှင်ပါ အဖမ်းခံလိုက်ရတယ်။ အဲဒီအိမ်ကိုလည်း မွေနှောက်ပြီး လိုချင်တာ ယူသွားတယ်။ နောက်ပြီး ရွာထဲမှာ ပြည်သူမှ ပြည်သူ့သို့ဆိုပြီး ကိုဗစ်စစ်ဆေးမှု ကူညီနေတဲ့သူ သုံးယောက်နဲ့ စစ်ဆေးပြီးလို့ အိမ်မပြန်သေးခင် ထိုင်နေတဲ့သူ နှစ်ယောက် အဖမ်းခံလိုက် ရတယ်၊ စစ်သားတွေက သေနတ်တွေနဲ့ပစ်တော့ ပြေးရင်းနဲ့ သပိတ်ကော်မတီအဖွဲ့ထဲက တစ်ယောက် ခြေချော်လဲပြီး ဒဏ်ရာရတယ်”

အဲဒီသပိတ်စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းမှာ ရှိတဲ့ ကျေးရွာတွေက ပြည်သူတွေ စုပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက်ရသူ ခုနစ်ဦးဟာ ကျေးစာကျရွာက တစ်ဦးနဲ့ ဂုဏ်တောရွာက ခြောက်ဦးဖြစ်ပြီး သူတို့ကို စစ်မှုထမ်းဟောင်းတွေ သီးသန့်နေထိုင်တဲ့ ရွှေတောင်ဦး ဘုရားအနီးက စစ်တပ်ပိုင်အဆောင်တစ်ခုကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်အရှေ့ဘက်ခြမ်းနဲ့ ဆားလင်းကြီးနယ် မြောက်ဘက်ခြမ်းက ဒေသခံတွေ စုပေါင်းပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဒီနေ့ ရက်ပေါင်း ၁၃၅ ရက်မြောက်နေ့အဖြစ် ဆန္ဒပြရာမှာ ပထမဆုံးအကြိမ် ဖြိုခွင်းခံခဲ့ရတာလို့လည်း ဆိုပါတယ်။

ဒီနေ့ဖမ်းဆီးခံလိုက်ရသူ ဒေသခံ ခုနစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးအတွက် အကူအညီ ပေးနေကြတဲ့ စေတနာ့ဝန်ထမ်းတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။