ဒေါ်အောင်ဆန်းစုကြည်ကို ရုရှားသံအမတ်ကြီး လာရောက်တွေ့ဆုံ
2010.12.23

(Photo: AFP)
“အထွေထွေ
အတွင်းရေးမှူးကတော့ ဒီနေ့မနက် ရုရှားသံအမတ်နဲ့ တွေ့ပါတယ်။ တွေ့ဆုံတာနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက
သတင်းထုတ်ပြန်မှု မရှိပါဘူး။ သံအမတ်လည်း သတင်း ထုတ်ပြန်ထားတာ မရှိပါဘူး။ ကျွန်တော်တို့
အရင်တုန်းကတော့ ရုရှားသံအမတ် ဟိုတုန်းကတော့ အခမ်းအနားတွေ ဘာတွေ ဖိတ်တဲ့အခါမှာလည်း လာရောက်
တက်ရောက်ခြင်းတော့ မရှိဘူးဗျ။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်ချင်းက တခေါက်လာတယ်လို့
သိရပါတယ်။ အဲဒီမတိုင်ခင်ကတော့ ကျွန်တော်တို့ အဖွဲ့ချုပ်နဲ့ ရုရှားသံရုံးနဲ့က ဆက်ဆံမှု
သိပ်မရှိခဲ့ပါဘူး။
မြန်မာအရေးနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွေမှာတော့ ရုရှားနိုင်ငံဟာ မြန်မာစစ်အစိုးရကို အကာအကွယ်ပေးသူတွေအဖြစ် အဝေဖန် ခံရလေ့ရှိပါတယ် ။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံတို့ဟာ သံတမန် အဆက်အဆံ လုပ်ခဲ့ကြတာ အခုဆို အနှစ် ၆၀ ကျော်လာခဲ့ပြီလို့ သိရပါတယ်။