RSO ရိုဟင်ဂျာ လက်နက်ကိုင် ၃ ဦး မောင်တောနယ်စပ်မှာ ဖမ်းဆီးရမိ


2014.09.28
rso-rohingya-military-training-305.jpg Ar Rahmah အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ RSO ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်နေပုံဖြစ်ပါသည်
photo: arrahmah.com

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျီးကန်းပြင် စစ်ဆေးရေးဂိတ်မှာ  RSO လို့ခေါ်တဲ့ ရိုဟင်ဂျာ  သွေး စည်း ညီညွတ်ရေး လက်နက်ကိုင်အဖွဲ့က တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိပါတယ်။

သူတို့ ၃  ဦးကို စက်တင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှုးချုပ် စိုးမြိုင်က RFA ကို အခုလို အတည်ပြု ပြော ပါတယ်။

"ဖမ်းမိတာမှန်ပါတယ်၊ သုံးယောက်လို့ အတည်ပြုနိုင် ပါတယ်၊ RSO လို့အတည်ပြုနိုင်တယ်၊ သို့သော် လည်း လုံခြုံရေးနဲ့လည်း ပတ်သက်တဲ့အတွက် ကျနော်တို့အခု မပြောနိုင်သေးဘူးပေါ့နော်၊ သို့သော်ပြောခွင့်ရှိတဲ့အခါ အပြည့်အစုံ ပြော ပါမယ်ခင်ဗျ"

ပြီးခဲ့တဲ့ရက်ကလည်း မောင်တောမြို့မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်တစ်စုအကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အယ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဇာဝါဟရီက  မြန်မာနိုင်ငံကို အကြမ်းဖက် ခြိမ်းခြောက်ပြီး နောက်ပိုင်း  အစိုးရက ဘင်္ဂလားဒေ့်ရှ်နယ်စပ်အပါအဝင် အရေးကြီးတဲ့နေရာတွေမှာ လုံခြုံရေးကို အထူးသတိထားပြီး တင်းကြပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

RSO လို့ခေါ်တဲ့ ရိုဟင်ဂျာ  သွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့က တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိတဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲမှူးချုပ်စိုးမြိုင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။