ရိုဟင်ဂျာအရေးကြောင့် ဥရောပပါလီမန်က မြန်မာကို ရှုတ်ချ


2013.06.14
refugee-rakhine-305 မဟာစင် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်နိုင် တာကြောင့် စစ်တွေမြို့ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တွေ ဘေးလွတ်ရာသို့ မေလ ၁၆ ရက်နေ့ မနက်ပိုင်းက ရွှေ့ပြောင်းနေစဉ်
Photo: RFA/ Moe Thu Aung

မြန်မာနိုင်ငံမှာ  ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်များနဲ့ စပ်လျဉ်းပြီး မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို အကာအကွယ်ပေးဘို့ ပျက်ကွက်ခဲ့တယ်လို့  ဥရောပပါလီမန်က ကြာသာပတေးနေ့က ဝေဖန်ရှုတ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံ တကာရဲ့ အကောင်းမြင်နေချိန်မှာ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမူနဲ့ ထောင်နဲ့ချီပြီး ထွက်ပြေး တိမ်းရှောင်ရတာတွေနဲ့ ပတ်သက်ပြီး ခုလိုကန့်ကွက်လိုက်တာဖြစ်ပါတယ်။

ဥရောပပါလီမန်မှာ တင်သွင်းအတည်ပြုခဲ့တဲ့ အဆိုအရ  မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေ လူ့အခွင့်အရေး ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရတာတွေ အကြမ်းဖက်ခံရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်တွေမှာ အာဏာပိုင်တွေအနေနဲ့ အကြမ်းဖက်မှုတွေကို တားဆီးပေးဖို့ ဝတ္တရားပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တချို့အကြမ်းဖက်မှုတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့တာကိုလဲ စိုးရိမ်မကင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

အလားတူပဲ ထိုင်းနိုင်ငံကို ဒုက္ခသည်အဖြစ်ခိုးဝင်ဖို့ ကြိုးစားသူ ရိုဟင်ဂျာ ၁၇ဝဝ ကို  ဖမ်းဆီးပြီး ရက်ရက်စက်စက် ထိန်းသိမ်းထားတာကိုလည်း ဥရောပပါလီမန်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။