တပ်မတော်က တရားစွဲဆိုထားသူ ၈ ဦးကို အမှုရုပ်သိမ်း


2017.09.01
reporters-arrest-622 သတင်းသမားသုံးဦး အပါအဝင် ၆ ဦးကို စက်တင်ဘာလ ၁ ရက်နေ့ သီပေါမြို့နယ် တရားရုံးကို ရုံးထုတ်လာစဉ်
Photo: Kan Thar/RFA

သတင်းမီဒီယာသမား ၆ ယောက်အပါအဝင် ၈ ဦးကို တရားစွဲထားတဲ့ အမှုတွေကို တပ်မတော်က ဒီကနေ့ ပြန်ပြီးရုပ်သိမ်းလိုက်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်၊ DVB သတင်းဌာနက အကြီးတန်း သတင်းထောက်တွေဖြစ်တဲ့ ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်၊ ဧရာဝတီ သတင်းဌာနက အကြီးတန်း သတင်းထောက်  ဦးသိန်းဇော် (ခေါ်) ကိုလဝီဝမ် စတဲ့ သတင်းမီဒီယာသမား ၆ ယောက်ကို တရားစွဲထားတဲ့ အမှုတွေကို တပ်မတော်က ပြန်ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးထင်ကျော်နဲ့ တောင်ငူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဒုတိယဥက္ကဌ ကိုဝေယံသိန်း (ခေါ်) ဗစ်တာ တို့ကိုလည်း အမှုပြန်ရုပ်သိမ်းပေးလိုက်တာပါ။

နိုင်ငံနဲ့ပြည်သူ့အကျိုးကို အတူတကွ သယ်ပိုးထမ်းဆောင်မှုကို အသိအမှတ်ပြုပြီး နိုင်ငံတော်နှင့် ပြည်သူတွေရဲ့ အမျိုးသားအကျိုးစီးပွားကို ဆက်ပြီးအတူလက်တွဲ လုပ်ဆောင်နိုင်ဖို့ တရားစွဲဆိုထားတဲ့ အမှုတွေကို ကျေအေးရုပ်သိမ်းပေးလိုက်တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

အခုလို အမှုရုပ်သိမ်းပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကလည်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။