ရခိုင်အရေးစုံစမ်းစစ်ဆေးရေးကော်မရှင် မြန်မာပြည်ရောက်ရှိ


2018.12.10
rosario-manalo-622.jpg လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ရိုဆာရီယို မယ်နာလို ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်
Photo: The Global New Light of Myanmar

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိကြောင်း အစိုးရ သတင်းစာတွေမှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကုလသမဂ္ဂ CEDAW ကော်မတီရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိ အဖွဲ့ဝင်ဖြစ်တဲ့ သံအမတ်ကြီး ရိုဆာရီယို မယ်နာလို၊ ရခိုင် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် လူသားချင်းစာနာ ထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမားတို့ဟာ  မနေ့ညနေက မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

ကော်မရှင်ရဲ့ ခရီးစဉ် အသေးစိတ်နဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ကို RFA က ဆက်သွယ်ပေမယ့် သူတို့မသိရကြောင်း ဖြေကြားခဲ့ပါတယ်။

အဲဒီကော်မရှင်ဟာ ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖံ့ွဖြိုးတိုးတက်ရေးတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ဇူလိုင်လ ၃၀ ရက်နေ့က သမ္မတကိုယ်တိုင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။