ပြည်ပမှ ပုဂ္ဂိုလ်တစ်ဦးပါမယ့် စုံစမ်းရေးကော်မရှင် NDF ကန့်ကွက်
2018.06.15

နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွက် လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီး တစ်ဦးအပါအဝင် အဖွဲ့ဝင်သုံးဦးနဲ့ဲ ဖွဲ့စည်းမယ် ဆိုတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ အကြံပြုချက်မှာ ပြည်ပအဖွဲ့ဖြင့် စစ်ဆေးခြင်း၊ ပြည်တွင်း အဖွဲ့ဖြင့် စစ်ဆေးခြင်း ဆိုတာတွေဟာ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်လာတဲ့ တောင်းဆိုချက်များဖြစ်လို့ လက်မခံနိုင်ကြောင်း၊ အမျိုးမသိ အမည်မသိ၊ မည်သည့်အဖွဲ့အစည်းကမှန်း မသိရသေးတဲ့ ပြည်ပပုဂ္ဂိုလ် ပါဝင်ဖွဲ့စည်းမယ်ဆိုရင် ကိုဖီအာနန်ကော်မရှင်ကဲ့သို့ မြန်မာနိုင်ငံ အကျိုးမပါတဲ့အဖြစ်မျိုး ထပ်မံဖြစ်လာနိုင်တယ်လို့ ယူဆကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။