လွတ်လပ်စွာနဲ့ ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်ဖို့ စုံစမ်းရေးကော်မရှင် ကတိပြု


2018.08.17
rakhine-independent-commission-622.jpg လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ၂၀၁၈ သြဂုတ်လ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Information Committee

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဌ ရိုဆာရီယို မယ်နာလိုက သူတို့အဖွဲ့ဟာ လွတ်လပ်စွာ၊ ဘက်လိုက်မှုကင်းစွာနဲ့ မျှတစွာ ဆောင်ရွက်မယ်လို့ မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားလိုက် ပါတယ်။

ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုက သူမ ဦးဆောင်တဲ့အဖွဲ့အနေနဲ့ တာဝန်ယူမှု ရှိစွာ ဆောင်ရွက်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို လိုက်နာမှာဖြစ်သလို သင့်တော် မယ့် နိုင်ငံတကာ ဥပဒေတွေကိုလည်း လုပ်ငန်းလိုအပ်ချက်အရ သုံးစွဲဖို့ စဉ်းစားထားကြောင်းနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် လုပ်ဆောင်သင့်တဲ့အချက်တွေကို မြန်မာသမ္မတထံ ၂ဝ၁၉ သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား တင်ပြအစီရင်ခံမှာဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ ဂျပန် သံအမတ်ကြီးဟောင်း ကင်ဇို အိုရှီးမား ကလည်း သူတို့ကော်မရှင်အပေါ် မလိုစိတ်ထားနဲ့ အဆိုးမြင် ဝေဖန်နေကြသူတွေကို တုံ့ပြန်တဲ့အနေနဲ့ မိမိတို့ဟာ ဘက်မလိုက်ပဲ လွတ်လပ်စွာ ဆောင်ရွက်မှာဖြစ်တယ်လို့ ကတိပြုပြောကြားပါတယ်။ မြန်မာအစိုးရအနေနဲ့ သမာသမတ်ကျကျ ဆောင်ရွက်ပြီး အဖြစ်မှန်တွေကို ဖေါ်ထုတ်ချင်တဲ့အတွက် အခုလို နိုင်ငံခြားသား အဖွဲ့ဝင်တွေကို ထည့်သွင်းဖွဲ့စည်းတယ်လို့ ကျနော်ယူဆပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး အပြည့်အစုံ ထွက်ပေါ် မလာသေးပဲ အချက်အလက်တွေ ကျန်ရှိနေပါသေးတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။