အမုန်းပွားစေတဲ့ ရေးသားပြောဆို မှုများ ကာကွယ်ရေး ဆွေးနွေးပွဲ ကျင်းပ


2013.06.28
prevent-hate-speech-305.JPG ဇွန်လ ၂၈ ရက်နေ့က ချက်ထရီယမ်ဟိုတယ်မှာကျင်းပတဲ့ အမုန်းပွားစေတဲ့ ပြောဆိုရေးသားမှုများ တားဆီးရေး Preventing Hate Speech in Myanmar ဆွေးနွေးပွဲကို တက်ရောက်လာသော ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Derek Mitchell တို့ကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

လူအချင်းချင်း အမုန်းပွားစေတဲ့ ပြောဆိုရေးသား မှုတွေကို မီဒီယာတွေကတဆင့်  ဖော်ပြတာတွေဟာ အများပြည်သူတွေ ဆီရောက်နိုင်တဲ့အတွက် ဝိုင်းဝန်း ကာကွယ်ကြဖို့  ဘာသာရေးခေါင်းဆောင်တွေနဲ့ မီဒီယာပိုင်းဆိုင်ရာ ပညာရှင်တွေက ပြောဆိုလိုက် ကြပါတယ်။

ချက်ထရီယမ်ဟိုတယ်မှာ အမေရိကန်သံရုံးက ဒီနေ့စီစဉ်ကျင်းပတဲ့ အမုန်းပွားစေတဲ့  ပြောဆိုရေးသား မှုများ တားဆီးရေးဆိုတဲ့ Preventing Hate Speech in Myanmar  ဆွေးနွေးပွဲမှာ ပြောဆိုလိုက်ကြတာ ဖြစ် ပါတယ်။

လတ်တလော မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြည်တွင်းပြည်ပ မီဒီယာတွေအနေနဲ့ ထိန်းညှိုရေးသားဖော်ပြကြဖို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က အဲဒီအခမ်းအနားအပြီး သတင်းထောက်တွေကို ပြောပါတယ်။

"social media တွေရယ်၊ ကျနော်တို့ မီဒီယာတွေရယ်ဟာ တိုင်းမ်မဂ္ဂဇင်းမှာ ဒီလိုပါတယ်ဟေ့၊ ဒီလိုရေးကြတော့ ဒါကပျံနှံ့သွားခဲ့အခါမှာ လူတွေထဲမှာ ဆွေးနွေးရင်းနဲ့ မျက်နှာဖုံးမြင်နေရုံနဲ့တင် ဒီလောက်အရှိန်က မြင့်နေတယ်ဆိုလို့ရှိရင် ဒီစာစောင်ရောက်လာမယ်၊ ဒီစာစောင်ဖြန့်ဝေကြမယ်၊ ဆွေးနွေးကြမယ်ဆိုလို့ရှိရင် အဲဒီဂယက်က တိုင်းမ်မဂ္ဂဇင်းတစ်ခုထဲပေါ်ထားတဲ့ ဆန့်ကျင်မှုကနေပြီးတော့ ကျန်တဲ့ဘာသာရေးဘက်ကို ရွေ့သွားနိုင်တယ်၊ နိုင်ငံတော်က အစကတော့ ဒီကိစ္စကိုဘာမှမပြောဘူး၊ ဒီလိုပဲအသာလေးကြည့်နေတယ်၊ နောက်တော့ social media တွေမှာ ပါလာတယ်၊ ပြည်တွင်းမီဒီယာတွေမှာ ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်ပြောတဲ့အတွက်ကြောင့်မို့ လူတွေကပိုပြီးတော့ စိတ်ဝင်စားသွားတယ်၊ ကျနော်တို့က တခါတလေမှာ လှုံ့ဆော်တယ်လို့ယူဆတဲ့ အရေးအသားတစ်ခုကို ဝေဖန်တဲ့အခါမှာ အများကြီးသတိထားရတယ်၊ ကိုယ်ပြောတဲ့အခါမှာ မသိတဲ့လူတွေက ပိုစိတ်ဝင်စားပြီးတော့ ဒါကိုအပြန်ပြန်အလှန်လှန်ဆွေးနွေးတယ်၊ ဖေ့ဘုတ်ပေါ်မှာ ခင်ဗျားတို့တွေ့ပါလိမ့်မယ်၊ အရှိန်ကဘယ်လောက်မြင့်လာသလဲဆိုတာ၊ နောက်ဆုံး လူတွေထဲကို ဒီစာအုပ်တွေ ရောက်လာမယ်၊ ဒီစာအုပ်ကြီးကို ယူလာပြီးတော့မှ မီးပုံရှို့တဲ့ကိစ္စမျိုးတော့ ဒါမျိုးတွေလည်း ကျနော်တို့ကမဖြစ်စေချင်ဘူး"

အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Derek Mitchell နှင့်အတူ ဘာသာကြီးလေးခုက ခေါင်းဆောင်တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအခမ်းအနားအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။