အာဏာသိမ်းစစ်အစိုးရလို့ ဆက်သုံးရင် ထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီခြိမ်းခြောက်

2021.02.22
အာဏာသိမ်းစစ်အစိုးရလို့ ဆက်သုံးရင် ထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီခြိမ်းခြောက်
Photo: RFA

မြန်မာနိုင်ငံက သတင်းမီဒီယာတွေအနေနဲ့ အာဏာသိမ်းစစ်အစိုးရလို့ ဆက်လက်သုံးနှုန်းနေမယ်ဆိုရင် ထုတ်ဝေခွင့်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ စစ်ကောင်စီက ဒီကနေ့ ခြိမ်းခြောက်လိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဖေဖောဝါရီလ ၂၂ ရက်နေ့က ကျင်းပတဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရေးယူမယ့်အကြောင်း ထပ်မံပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အစိုးရလို့ မသုံးနှုန်းကြဖို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ရက်စွဲနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို စစ်ကောင်စီက စာရေးအကြောင်းကြားထားပါတယ်။

အဲ့ဒီစာထဲမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလို့ သုံးနှုန်းဖို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒါပေမယ့် ပြည်တွင်းသတင်းဌာန တော်တော်များများက လက်မခံဘဲ အာဏာသိမ်းစစ်ကောင်စီ၊ စစ်အစိုးရလို့ သုံးနေကြတာပါ။

သတင်းဌာနတချို့ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ သုံးနှုန်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အဲ့ဒီဌာနက သတင်းထောက်တချို့ နှုတ်ထွက်တာလည်းရှိနေပါတယ်။ အလားတူ အာဏာသိမ်းစစ်ကောင်စီအောက်မှာ သတင်းမီဒီယာကောင်စီအနေနဲ့ လွတ်လွတ်လပ်လပ်ဆောင်ရွက်လို့ မရတော့ဘူးလို့ ယူဆတာကြောင့် ကောင်စီဝန် ၁၅ ဦး လည်း နုတ်ထွက်သွားတာပါ။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ပြည်တွင်းသတင်းထောက်အများစု တက်ရောက်သတင်းမယူဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-23 01:05

The peoples are not required to follow the any act, law and ordered by military coup.
We want democracy.

Anonymous
2021-02-23 01:07

People must resign and no work and against the military coup