မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း

RFA Burmese
2025.01.01
မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က စိန့်ပီတာရင်ပြင်တွင် ကျင်းပသည့် ဆုတောင်းပွဲအတွင်း မိန့်ခွန်းပြောကြားနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်။
AFP

မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခ ဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နှစ်သစ်ကူးနေ့ ဆုတောင်းပွဲမှာ ဆုတောင်းပေးခဲ့ပါတယ်။

စိန့်ပီတာရင်ပြင်မှာ ဇန်နဝါရီ ၁ ရက်နေ့ကပြုလုပ်တဲ့ ဆုတောင်းပွဲမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာ၊ ယူကရိန်း၊ ဂါဇာ၊ အစ္စရေး စတဲ့နိုင်ငံတွေအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့တာလို့ The Vatican News က ဖော်ပြပါတယ်။

ပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံဒေသတွေမှာ ညိနှိုင်းဆွေးနွေးရေး ဆောင်ရွက်နေကြသူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပုပ်ရဟန်မင်းကြီးက မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆုတောင်းပွဲမှာ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေရဲ့ ကြွေးမြီးတွေကို ပယ်ဖျက်ဖြေလျော့ပေးကြဖို့လည်း ကမ္ဘာ့ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့ပါတယ်။

စိန့်ပီတာရင်ပြင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကကျင်းပတဲ့ ဆုတောင်းပွဲမှာလည်း မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ခရစ္စမတ်မတိုင်ခင် အပစ်အခတ်ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီးက မကြာခဏ ဆုတောင်းပေးလေ့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။