ဆန္ဒပြဖို့ခွင့်ပြု ချက်မရတာဆန္ဒပြမည်
2014.03.26

Photo: AFP
မကွေးတိုင်း ပခုက္ကူမြို့မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အပါအဝင် နိုင်ငံပြုပြင်ပြောင်းလဲရေးဆိုင်ရာ အချက် ၆ ချက်တောင်း ဆိုမယ့် ဆန္ဒပြပွဲကိုခွင့်ပြုဖို့ ဒေသခံကျောင်း သား ခေါင်းဆောင် ဟောင်းတွေက ခွင့်ပြုချက်တောင်း တာကို သက်ဆိုင်ရာက အကြိမ်ကြိမ်ပယ်ချနေတဲ့အတွက် ဆန္ဒပြမယ်ဆိုတဲ့ အကြောင်းကြား စာပဲပို့ပြီး ဆက် လက် ဆောင်ရွက်မယ်လို့ သိရပါတယ်။
အဲ့ဒီဆန္ဒပြပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တချို့လည်း ပါဝင် ဆင်နွှဲမှာဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ပခုက္ကူမြို့ ၈၈ အဖွဲ့က ကိုသန်းနိုင်က ပြောပါတယ်။
ကိုသန်းနိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။