ကချင်ပြည်နယ်မှာ အစိုးရထိုးစစ် စတင်

ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အစိုးရတပ်ဘက်က ထိုးစစ်ကြီး စတင်ပြီ ဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။

2011.09.24

အစိုးရတပ်တွေရဲ့ အဓိက ထိုးစစ်ဟာ ပွင့်လင်းရာသီဖြစ်တဲ့ အောက်တိုဘာလမှာ စတင်နိုင်တယ်လို့ KIO ဘက်က ခန့်မှန်းထားပေမယ့် ထိုးစစ်ကို စောပြီး စတင်တာဖြစ်တယ်လို့ KIO တပ်မဟာ (၄) ရဲ့ တပ်မှူး ဗိုလ်မှူးကြီးဇော်ရော် က ပြောပါတယ်။

အခု စတင်တဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို သွယ်တန်းတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းတဲ့ လမ်းကြောင်းမှာ ကျနေတဲ့ KIO တပ်မဟာ (၄) နယ်မြေမှာ မနေ့က စတင်တာလို့ သိရပါတယ်။

ဒီ ထိုးစစ် စတင်ဖို့ ပြီးခဲ့တဲ့လပိုင်းက စပြီး တပ်စုဆောင်းတာ၊ တပ်ရွှေ့ပြောင်းတာတွေ လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အပတ်တွေကလည်း အစိုးရတပ်တွေဟာ KIO စစ်ဌာနချုပ်ရှိရာ တရုတ်-မြန်မာ နယ်စပ်ဘက်မှာ အားစမ်းတဲ့ ထိုးစစ်တွေ လုပ်ခဲ့ပြီး ပြန်လည် ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။

အခုလို အစိုးရတပ်တွေက ထိုးစစ်ဆင်လာတဲ့အတွက် KIO အနေနဲ့ ခံစစ်အပြင် ပြောက်ကျားပုံစံနဲ့ ပြန်လည် တိုက်ခိုက်နေတာလို့ KIO တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီးဇော်ရော် က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုရဲထက်ရဲ့ စုစည်းတင်ပြချက်နဲ့ ဦးတင်အောင်ခိုင်ရဲ့ ဆက်သွယ်မေးမြန်းချက်တွေကို နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။