မောင်ဆောင်းခကို နယ်သာလန်နိုင်ငံက လူ့အခွင့်အရေးဆု ချီးမြှင့်


2018.12.01
maungsaungkha-622.jpg ကဗျာဆရာ မောင်ဆောင်းခ ကို ၂၀၁၆၊ မေလ ၂၄ ရက်နေ့က ရွှေပြည်သာမြို့နယ် တရားရုံးမှာတွေ့ရစဉ်
Photo: Htet Arkar/ RFA

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အသံအဖွဲ့ တည်ထောင်သူ ကဗျာဆရာ မောင်ဆောင်းခကို နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက Human Rights Tulip Myanmar 2018 ဆုကို ချီးမြှင့်လိုက်ပါတယ်။

နယ်သာလန်နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ နိုင်ငံအသီးသီးမှာ လူ့အခွင့်အရေးဆောင်ရွက်နေသူတွေကို ရွေးချယ်ပြီး နှစ်စဉ်ဆုချီးမြှင့်နေရာမှာ ဒီနှစ်အတွက် ဆုကို ကဗျာဆရာ မောင်ဆောင်းခကို ရွေးချယ် ချီးမြှင့်လိုက်တာပါ။

ဒီဆုချီးမြှင့်ခံရတဲ့ အကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးက စာရေးသားပေးပို့ အကြောင်းကြားခဲ့တာလို့ သိရပါတယ်။ နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ်ချီးမြှင့်နေတဲ့ လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ရွေးချယ်ချီးမြှင့်ခံရတာဟာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ကဗျာဆရာ မောင်ဆောင်းခဟာ ၂၀၁၅ ခုနှစ်က ရေးသားခဲ့တဲ့ " ပုံရိပ် " ကဗျာကြောင့် ထောင်ဒဏ် ၇ လ ပြစ်ဒဏ်ပေးခံခဲ့ရသလို ပြည်တွင်းစစ် ရပ်စဲဖို့နဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။