ကဗျာဆရာ မောင်ဆောင်းခ ဖမ်းဆီးခံရ


2015.11.05
maungsaungkha-620.jpg ကဗျာဆရာ မောင်ဆောင်းခ ကို နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

ဆက်သွယ်ရေးဥပဒေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကဗျာဆရာ မောင်ဆောင်းခ (ခေါ်) ကိုအောင်စည်သူကို ဒီကနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးဝင်းထဲမှာ ဖမ်းဆီးလိုက်ပါတယ်။

ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်နဲ့ ဗကသအဖွဲ့ဝင် မပိုပိုနဲ့ ကိုနန္ဒစစ်အောင် အပါအဝင် ၅ ဦးကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးတာကို လာရောက်တေ့ွဆုံရင်းနဲ့ အဖမ်းခံတာဖြစ်တယ်လို့ မောင်ဆောင်းခ က ပြောပါတယ်။

"ကျနော်က အရင်ကတည်းက တရားကို ရင်ဆိုင်ဖို့ လာခဲ့တာပေါ့နော်၊ သူတို့အနေနဲ့ ကျနော့်ကို ဖမ်းဆီးမယ်ဆိုရင် ရဲအဝတ်နဲ့ လာသင့်တယ်ပေါ့နော်၊ ဒီလိုလာဆွဲတာ ဘယ်သူက လာခေါ်မှန်းလည်း မသိဘူးပေါ့နော်"

မောင်ဆောင်းခကို ကမာရွတ်မြို့နယ် တရားရုံးဝန်းထဲမှာ အရပ်ဝတ်လူနှစ်ဦးက ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး မောင်းဆောင်းခကို ရွှေပြည်သာ တရားရုံးကို ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

မောင်ဆောင်းခကို အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး လာမယ့်နိုဝင်ဘာ ၁၈ ရက်နေ့မှာ ရုံးထုတ် မှာဖြစ်တယ်လို့ သိရပါတယ်။

မောင်ဆောင်းခဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ထိခိုက်တဲ့ ကဗျာရေးသားခဲ့တာကြောင့် ဖမ်းဆီးခံရ တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။