ကဗျာဆရာ မောင်ဆောင်းခ လွတ်ပြီ


2016.05.24
maungsaungkha-620.jpg ကဗျာဆရာ မောင်ဆောင်းခ ကို မေလ ၂၄ ရက်နေ့က ရွှေပြည်သာမြို့နယ် တရားရုံးမှာတွေ့ရစဉ်
Photo: Htet Arkar/RFA

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ကဗျာဆရာ မောင်ဆောင်းခ ကို ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာမြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပေမယ့် ချုပ်ရက်ခံစားခွင့်နဲ့ ဒီနေ့ လွတ်မြောက်ခဲ့ပါတယ်။

ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာဟာ မတရားကြောင်းနဲ့ သူဟာ တရားသေ လွတ်မြောက်ရမှာဖြစ်တယ် လို့ မောင်ဆောင်းခ က ပြောပါတယ်။

"၆ လကျတာကိုး ကျနော်တွက်လွတ်မြောက်တယ်ဆိုတော့လည်း ပျော်တယ်၊ ဒါပေမယ့်မတရားဘူး၊ ၆ လချလိုက်တာ တကယ်မတရားဘူး၊ သမာသမတ်ကျကျဆုံးဖြတ်မယ်ဆိုရင် တရားသေလွတ်မယ်လို့ ကျနော်ပြောလို့ရတယ်၊ ဒီနေ့ ၆ လချတာကိုးဝမ်းသာလားဆိုတော့ ဝမ်းသာတယ်၊ ဒါပေမယ့် မတရားဘူး"

မောင်ဆောင်းခဟာ ပုံရိပ်အမည်နဲ့ ကဗျာတစ်ပုဒ်ကို သူ့ရဲ့ဖေ့စ်ဘွတ်မှာတင်ခဲ့ရာ အဲ့ဒီကဗျာထဲမှာ အဲ့ဒီအချိန်က သမ္မတ ဦးသိန်းစိန်ကို ရည်ညွန်းပုတ်ခတ်ထားတဲ့ စာသားတွေပါတယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ရွှေပြည်သာမြို့နယ် စခန်းမှူးက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အမှုစစ်ဆေးနေစဉ် ကြားကာလမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထပ်တိုးတရားစွဲခဲ့ပေမယ့် တရားရုံးက လက်မခံခဲ့ဘဲ ပယ်ချခဲ့တာဖြစ်ပါတယ်။

မောင်ဆောင်းခဟာ အင်းစိန်အကျဉ်းထောင်ထဲမှာ ၆လ နဲ့ ၁၉ ရက်ကြာ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။