နေပြည်တော် အမြန်လမ်း ကချင်အဖွဲ့ ယာဉ်တိုက်မှု ဖြစ်ပွား
2015.01.05
ကချင်ပြည်နယ်က တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင် ၁၈၀ ကျော်လောက် လိုက်ပါလာတဲ့ ရွှေစင်စြင်္ကာဘတ်စ်ကား ဟာ ဒီနေ့ မနက်က နေပြည်တော်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၃ အနီးမှာ လမ်းပြင်နေတဲ့ ကရိန်းနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့ရာမှာ ယာဉ်မောင်းတစ်ဦးသေဆုံးပြီး ယဉ်ကျေးမှုအဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲ့ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာက အခုလိုပြောပြပါတယ်။
"ကရိန်းနဲ့ ကားတစ်စင်းက ပွတ်မိတာ၊ ကားမောင်းသူက သေသွားတာဖြစ်တဲ့အခါကျတော့ မိန်းကလေးတွေဆို လန့်မယ်၊ အဲ့ခါ မူးမေ့သွားတာ ၃ ယောက်ပေါ့နော်၊ ၁ ယောက်ကတော့ ပါးလေးမှာထိသွားတာပေ့ါ၊ ဆေးရုံကို ပို့လိုက်တယ်"
နေပြည်တော်မှာ မနေ့ကကျင်းပတဲ့ ၆၇ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနားတက်ရောက်ပြီး အပြန်မှာ အဲဒီလိုယဉ်တိုက်မှုဖြစ်ခဲ့တာပါ။
ထိခိုက်ဒဏ်ရာရသူတွေကို ကချင်ပြည်နယ်ကျန်းမာရေးမှူးက ကူညီနေတယ်လို့လည်း သိရပါတယ်။