ကာတွန်းဆရာမြေဇာ၊ စာရေးဆရာတွေနဲ့ တေးရေးသူတို့ ကွယ်လွန်

2021.07.28
ကာတွန်းဆရာမြေဇာ၊ စာရေးဆရာတွေနဲ့ တေးရေးသူတို့ ကွယ်လွန် စိန်မျောက်မျောက်၊ ရေမြင်းလေးနဲ့ နှင်းနှင်းလေးတို့အပါအဝင် ကာတွန်းဇာတ်ကောင်တွေရဲ့ ဖန်တီးရှင် ကာတွန်းဆရာကြီး မြေဇာ။
Photo: Bo Bo Htoon

ကာတွန်းပရိသတ်တွေရဲ့ အသည်းစွဲ စိန်မျောက်မျောက်၊ ရေမြင်းလေးနဲ့ နှင်းနှင်းလေးတို့အပါအဝင် ကာတွန်းဇာတ်ကောင်တွေ ဖန်တီးခဲ့ပြီး၊ ကာတွန်းပုံပေါင်း ထောင်သောင်းချီ ရေးခဲ့တဲ့ အသက် ၇၅ နှစ်ရွယ် ကာတွန်းဆရာကြီး မြေဇာဟာ ကိုဗစ်ကပ်ရောဂါနဲ့ ဒီလ ၂၇ ရက်ညက ကွယ်လွန်သွားပါတယ်။

ကာတွန်းမြေဇာဟာ ၁၉၆၈ ခုနှစ်မှာ ကြေးမုံသတင်းစာမှာ ကာတွန်းစတင်ရေး ဆွဲခဲ့ပြီး စာနယ်ဇင်းတွေမှာ ကိုယ်ပိုင်ရေးဟန် အသစ်နဲ့ ကာတွန်းတွေ ရေးဆွဲအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

ဇူလိုင် ၂၈ ရက်မနေ့က တရက်တည်း မန္တလေးက စာရေးဆရာ သိုက်ထွန်းသက်၊ စာပေဗိမာန်စာမူဆုရ အသက် ၇၈ နှစ်ရွယ် မောင်ပုဆိုးကြမ်း၊ ပေပုရပိုက်ပညာရှင် စာပေသုတေသီ အမျိုးသားစာပေ တသက်တာစာပေဆုရှင် အသက် ၉၂ နှစ်ရွယ် ဆရာကြီးဦးညွန့်မောင် ခေါ် မောင်မောင်ညွန့်(မန်းတက္ကသိုလ်) စာရေးဆရာ ကဗျာဆရာ မောင်ကြည်သော်(ကောလင်း) စာရေးဆရာ မြင့်နောင်မိုး၊ PEN Myanmar အဖွဲ့ဝင် စာရေးဆရာ ဂျူလိုင်မိုး၊ အဆိုတော် ခိုင်ထူး သီဆိုတဲ့ အလွင့်တွေထဲမှာ ငါတယောက်တည်း၊ နှင်းဝေတဲ့ဆောင်းစတဲ့ တေးတွေရေးတဲ့ တေးရေးတိုနီတင် စသူတို့နဲ့ တခြားသူတွေ ကွယ်လွန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။