ကိုဗစ်ကူးစက်နှုန်း ပြန်တိုးလာ၊ မြောက်ဥက္ကလာကျောင်းမှာ အစုလိုက်အပြုံလိုက် ပိုးတွေ့

2022.08.31
ကိုဗစ်ကူးစက်နှုန်း ပြန်တိုးလာ၊ မြောက်ဥက္ကလာကျောင်းမှာ အစုလိုက်အပြုံလိုက် ပိုးတွေ့ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်လူနာများအား သွေးပေါင်ချိန်တိုင်းပေးနေစဉ်။
Photo: Reuters

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နှုန်းတွေ အခုရက်ပိုင်း ပြန်တိုးလာနေကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့ စာရင်းအရ ကူးစက်ခံရသူ လူနာသစ် ၁ဝ၄ ဦးနဲ့ ဩဂုတ်လ ၃ဝ ရက်နေ့က ကူးစက်ခံရသူ လူနာသစ် ၈၇ ယောက် ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

အစောပိုင်းမှာ ရောဂါကူးစက်ခံရသူ ဆယ်ဂဏန်းပဲ ရှိခဲ့ရာက ဒီရက်ပိုင်း ရာဂဏန်းကျော် ပြန်တွေ့လာနေတာ ဖြစ်ပါတယ်။

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်ရှိ အမှတ် ၁၆ အခြေခံပညာမူလတန်းကျောင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၁၅ ဦး အစုလိုက်အပြုံလိုက် တွေ့ရှိခဲ့ကြောင်း အဲဒီဒေသသတင်းတွေကို ဖော်ပြနေတဲ့ မြောက်ဥက္ကလာသတင်းအဖွဲ့က ထုတ်ပြန်ပါတယ်။

ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမတစ်ဦးနဲ့ ကျောင်းသား ၁၅ ဦးမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူ ခြောက်သိန်းနီးပါးရှိခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးရသူ နှစ်သောင်းနီးပါးရှိတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် အချက်အလက်ကောက်ယူဖို့ ခက်ခဲသွားတာကြောင့် စစ်ကောင်စီက ထုတ်ပြန်တဲ့ အရေအတွက်ထက် ပိုများနိုင်တယ်လို့ အကူအညီပေးနေသူတွေက ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။