မြန်မာအလုပ်သမား ၆၅ ဦး မလေးရှားနိုင်ငံက ပြန်ရောက်


2014.01.08
myanmar-workers-malay-305.jpg ဂိုထောင်တစ်ခုအတွင်းမှာ ပုန်းအောင်းနေတဲ့ မြန်မာ အလုပ်သမားများကို ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်
photo: Internet

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြ တဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၆၅ ဦးဟာ အင်ဒိုနီးရှား အလုပ်သမားတွေက ရန်ပြုတာကြောင့် ရက်အတော်ကြာ ပုန်းအောင်းနေခဲ့ရပြီး ရန်ကုန်မြို့ကို ဒီနေ့ ပြန်လည်ရောက်ရှိလာပါတယ်။

မလေးရှားကနေ ပြန်လာကြတဲ့ အလုပ်သမားတွေကို အစိုးရက ပြန်ခေါ်ဆောင်ပေးတာဖြစ်ကြောင်း မြန် မာပြည် အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော် က RFA ကို ပြောပါတယ်။

“မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနက ချက်ချင်းလွှတ်တယ်လေ၊ ကျနော်တို့ အသင်းချုပ် က တာဝန်ရှိတဲ့သူတွေနဲ့ အလုပ်သမား သံအရာရှိတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက် တာ ဖြစ်ပါတယ်”

ဘရူနိုင်းနိုင်ငံနယ်စပ်အနီး မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ ရှင်ယန်းသင်္ဘောကျင်းမှာ အလုပ်လုပ်နေ တဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဈေးဝယ်ထွက်ချိန်မှာ အင်ဒိုနီးရှား အလုပ်သမားတွေရဲ့ ရန်ပြုခံခဲ့ကြရပြီး အဲဒီမြို့က ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အရာရှိတွေနဲ့ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံက သံအရာရှိတွေ ပူးပေါင်းကူညီပြီး မြန်မာနိုင်ငံကို ပြန်လာနိုင်ရေး ဆောင်ရွက်ပေးခဲ့ တာဖြစ်ပါတယ်။

မနက်ဖြန်မှာလဲ ကျန်ရှိနေတဲ့ အလုပ်သမားတွေထဲက ၂၁ ဦးပြန်လာမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။