မြန်မာအမျိုးသမီး နှစ်ဦး ပီနန်မြို့အနီးမှာ အသတ်ခံရ


2013.12.31

မလေးရှားနိင်ငံ ပီနန်မြို့အနီး ကမ်ပုန်ဆီတောကျေးရွာ ရထားလမ်းဘေးမှာ မြန်မာအမျိုးသမီး နှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာကို ရဲတပ်ဖွဲ့က တွေ့ရှိရကြောင်း  မလေးရှားနိုင်ငံထုတ် The Star သတင်းစာမှာ ဒီနေ့ ဖေါ်ပြထားပါတယ်။

အသတ်ခံရသူ အမျိုးသမီး ၂ ဦးအနက် အသက် ၂၁ နှစ်အရွယ် မဌေးဌေးသန်းဆိုသူဟာ လည်ပင်းမှာ ဓါးဒဏ်ရာတွေ့ရပြီး အသက် ၄၁ နှစ်အရွယ် မသန်းဆိုသူကတော့ မျက်နှာနဲ့ကိုယ်ခန္ဓာမှာ ဓါးဒါဏ်ရာတွေ တွေ့ရှိရတယ်လို့ သတင်းကဆိုပါတယ်။

အမျိုးသမီး ၂ ယောက်စလုံး နေရာတင် ပွဲချင်းပြီး သေဆုံးပုံရတယ်လို့ ရဲဘက်က ပြောပါတယ်။

မျက်မြင်သက်သေ တစ်ဦးရဲ့ ပြောပြချက်အရ အခင်းဖြစ်ပွားပြီး  မိနစ် ၃၀ လောက်အကြာမှာ မြန်မာနိုင်ငံသား နှစ်ဦးကို ဘတ်စကားဂိတ်မှာ ရဲကဖမ်းဆီးလိုက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့အဖွဲ့က ဦးရန်နိင်ထွန်းက အခုလိုပြောပါတယ်။

" မြန်မာ မိန်းကလေးနှစ်ယောက် သူတို့ အလုပ်ကနေ ပြန်အလာမှာ သူတို့ လမ်းတစ်ဝက်ကနေ အလုခံရတယ်ပေါ့ သေသွားတဲ့ ကောင်မလေးနှစ်ယောက်နဲ့ ပတ်သက်ပြီးတော့ ရဲကနေ မသင်္ကာတဲ့ မြန်မာ ယောင်္ကျာလေးနှစ်ယောက်ကို စစ်ဆေးမေးမြန်းနေတယ်၊ သတင်းအဲ့လောက်ပဲ သိရတယ်၊ တချို့ကလည်း သတင်းထွက်တာက ကောင်မလေးမှာ ဆွဲကြိုးပါခဲ့တယ်အလုခံရတယ်၊ နောက်ပြီးတော့ ကောင်မလေးက ပြန်ပြီးခုခံတာပေါ့နော်၊ ပြန်ခုခံတော့ ကောင်မလေးကို အသေလုပ်ထက်လိုက်တယ် ဖေ့ဘုတ်မှာတက်တာနဲ့ သတင်းက နည်းနည်းလွဲနေတယ်"

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် အတည်ပြုချက်ရရှိနိုင်ဖို့ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။