အရှုံးမပေးတဲ့ မြန်မာပြည်သူတွေနဲ့ အတူရှိကြောင်း အမေရိကန် သဝဏ်လွှာပေးပို့
1925.01.04
လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီစနစ်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေကြတဲ့ မြန်မာပြည်သူတွေကို ကျွနုပ်တို့အနေနဲ့ ဂုဏ်ပြုလိုက်ပါတယ်လို့ ဒီနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကိုပေးပို့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ကြောက်မက်တုန်လှုပ်ဖွယ်ရာဖိနှိပ်မှုရဲ့ဒုက္ခတွေ ခံစားနေရပေမယ့် ပိုပြီးကောင်းမွန်တဲ့ အနာဂတ် မျှော်လင့်ချက်တွေအတွက် အရှုံးမပေးတဲ့ မြန်မာပြည်သူတွေဘက်ကနေလည်း အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်လက်ရပ်တည်နေတယ်လို့ ပြောပါတယ်။
အဲဒီအပြင် စစ်ကောင်စီအနေနဲ့ တရားလက်လွတ် ဖမ်းဆီးနေတာတွေ၊ အကြဖ်းဖက်တာတွေ ချက်ချင်း ရပ်ပြီး၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်လမ်းပေါ် ပြန်လျှောက်ဖို့ကိုလည်း ထပ်ပြီးတောင်းဆိုတိုက်တွန်း လိုက်တယ်လို့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။