ငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၆၄၄ ဦးရှိလာ

RFA Burmese
2025.03.29
ငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၆၄၄ ဦးရှိလာ မန္တလေးမြို့တွင် ငလျင်ကြောင့် အဆောက်အအုံပျက်တွေကြား ပိတ်မိနေသူများအား မတ်လ ၂၉ ရက်က ကယ်ဆယ်ရေးလုပ်နေစဉ်။
Myanmar Rescue Federation

မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူ၁၆၆၄ ဦးသေဆုံးသွားပြီလို့ စစ်ကောင်စီက မတ်လ ၂၉ ရက် ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီအပြင် ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့  ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ မြေငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နေရာတွေ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ ဒေသခြောက်ခုကို စစ်ကောင်စီက မတ်လ ၂၈ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတကာအကူအညီတွေကိုလည်း စစ်ကောင်စီက တောင်းခံထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။