ငလျင်အတွက် နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီ တန် ၃၇၀၀ ကျော်ရရှိ
2025.04.20

ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၇၀၀ ကျော်ရောက်ရှိလာပြီလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂၀ ရက်မှာ နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ပြောပါတယ်။
နိုင်ငံပေါင်း ၂၅ နိုင်ငံက လေယာဉ် ၁၄၅ ခေါက်၊ တရုတ်နိုင်ငံက ကား ၂၃ စီး၊ အိန္ဒိယနိုင်ငံက သင်္ဘောငါးစီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သင်္ဘောတစ်စီးတို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထောက်ပံ့ပစ္စည်း ၂၅၁၄ ဒသမ ၆ တန်နဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၁၉၇ ဒသမ ၁၂ တန် စုစုပေါင်း ၃၇၁၁ ဒသမ ၇၂ တန်ရောက်ရှိထားပြီလို့ ပြောဆိုခဲ့ပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိငလျင်ကြောင့် သေဆုံးသူ ၃၇၃၅ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၅၁၀၈ ဦးရှိတယ်လို့ စစ်ကောင်စီက ဧပြီလ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပျောက်ဆုံးနေသူကလည်း ၁၂၀ ဦးရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။