မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး ခန့်အပ်


2013.03.30

ကနေဒါနိုင်ငံရဲ့ ပထမဦးဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတစ်ဦးကို တာဝန်ပေး ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

လက်ရှိတရုတ်နိုင်ငံ၊ ကနေဒါသံရုံးမှာ ပြည်သူ့ဆက်ဆံရေးဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Mr. Mark McDowell ကို ကနေဒါနိုင်ငံရဲ့ ပထမဆုံး သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က မနေ့က ကြေညာပါတယ်။

Mr. Mark McDowell ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ဟားဗတ်တက္ကသိုလ်မှာ တစ်နှစ်ကြာ သုတေသနပြုလုပ်ခဲ့သူဖြစ်ပါတယ်။

ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ သံရုံးမရှိသေးတဲ့အတွက် သံရုံးဖွင့်ဖို့ဆောင်ရွက်နေပြီး မကြာခင်လပိုင်းတွေမှာ ထုတ်ပြန်ကြေညာနိုင်မယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံဟာ အရင်က မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးကနေတဆင့် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။