မွန်ပြည်နယ်က လိုင်စင်မရှိတဲ့ ကျောက်မိုင်းတွေကို အရေးယူမယ်


2016.12.08
winnaingoo-mon-620 မွန်ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ်အတွင်း လိုင်စင်မရှိဘဲ တရားမဝင် ကျောက်မိုင်းနဲ့ သတ္ထုတူးဖော်ရေး လုပ်ကိုင်နေသူတွေကို တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ပြောပါတယ်။

ဒီနေ့ မွန်ပြည်နယ်လွှတ်တော်မှာ ဘီးလင်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦး က ပြည်နယ်အတွင်း လိုင်စင်မရှိဘဲ ကျောက်မိုင်းထုတ်နေတာတွေကို အရေးယူဖို့ ရှိ မရှိ မေးမြန်းရာမှာ ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက အခုလိုဖြေကြားခဲ့တာပါ။

မွန်ပြည်နယ်မှာ ၂၀၁၆ခုနှစ်အတွင်း ကျောက်မိုင်းလုပ်ကိုင်ခွင့် ၁၁၅ ခု လျှောက်ထားပြီး မြို့နယ်အဆင့် ၇၇ ခု၊ ခရိုင်အဆင့် ၅ ခု၊ ပြည်နယ်အဆင့် ၃ ခုကို စိစစ်ဆဲဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ကျောက်မိုင်းလုပ်ကိုင်တဲ့လူတွေအနေနဲ့ လုပ်ပိုင်ခွင့်လျှောက်ထားနေစဉ်နဲ့ သက်တမ်းတိုးနေတဲ့အချိန်မှာ လုပ်ကိုင်ခွင့်မရှိဘဲ ပြုလုပ်ပါက အရေးယူသွားမယ်လို့ ပြောပါတယ်။

အလားတူ ဒီနေ့လွှတ်တော်မှာ ဘီးလင်းမြို့နယ် ကေလာသ သဘာဝ နယ်မြေအတွင်း အကျဉ်းဦးစီး အပါအဝင် ကုမ္ပဏီ ၆ ခုမှ ကျောက်ထုတ်နေတာတွေကို လုံးဝရပ်ဆိုင်းဖို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။