မင်းကင်းမြို့ တောင်စာရေးရွာသား နှစ်ဦး အဖမ်းခံရ

2021.11.03
မင်းကင်းမြို့ တောင်စာရေးရွာသား နှစ်ဦး အဖမ်းခံရ မင်းကင်း စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်စာရေးရွာက ရွာသား နှစ်ဦးကို နိုဝင်ဘာလ ၃ ရက် ဒီနေ့ မနက် ၁၁ နာရီချိန်ခန့်မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်စာရေးရွာသား ကိုဟိန်းကိုနဲ့ ကိုအောင်ဟိန်းတို့ နှစ်ဦးဟာ မနက်ပိုင်း ရွာအနားကချောင်းမှာ ငါးမျှား နေချိန် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

မင်းကင်း ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း စစ်ကောင်စီတပ်သားတွေဟာ သူတို့ နှစ်ဦးကို လမ်းပြ အဖြစ် ခေါ်ဆောင်သွားတာလို့ ပြောဆိုထားပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

မင်းကင်းမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်နေ တာကြောင့် တောင်စာရေး ၊ ယင်းမာ၊ ဂုံညင်း ၊ ရွာသာ ၊ ရေဦး၊ ကြာပင်၊ ကျောက်တန်း စတဲ့ရွာတွေက ဒေသခံ ၁၀၀၀ ကျော်ဟာ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးနေကြရတာ ၃ လကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မင်းကင်းမြို့က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း သေဆုံးသူ ၂၀ ကျော်ရှိပြီး အဖမ်းခံထားရသူ ၁၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။