မင်းကိုနိုင်မွေးနေ့ အကြိုဂုဏ်ပြုပွဲ ထင်ရှားတဲ့ အဆိုတော်တွေ တက်ရောက်

အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ အကြို ဂုဏ်ပြုပွဲကို BG သွေးကူညီရေးအဖွဲ့က ဦးဆောင်ပြီး ဒဂုံမြို့သစ် တောင်ပိုင်းမှာ ရှိတဲ့ မြင်းခြံ ပိဋကတ်သုံးပုံ နိကာယ် ပရိယတ္တိ စာသင်တိုက်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။

2011.10.17
min-ko-naing-49-305 အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက် မွေးနေ့ အတွက် ဖိတ်ကြားလွှာ ဖြစ်ပါသည်။
Photo: RFA

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အတွက် အာဏာပိုင်တွေရဲ့ ဖိနှိပ် ညှဉ်းပန်းမှုတွေကို ကြံ့ကြံ့ခံပြီး ကိုယ်ကျိူးမဖက် အကျဉ်းထောင်တွေထဲမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းနေတဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ စိတ်ဓါတ်ကို လေးစား ကြည်ညိုတဲ့ အနေနဲ့ မွေးနေ့ ဂုဏ်ပြုပွဲ ကျင်းပတာ ဖြစ်တယ်လို့ ဦးဆောင် စီစဉ်သူ တဦးဖြစ်တဲ့ BG သွေးကူညီရေးအဖွဲ့ တာဝန်ခံ ကိုညီညီက အာအက်ဖ်အေကို ပြောပါတယ်။

အဲ့ဒီပွဲကို နာမည်ကျော် အဆိုတော်တွေ ဖြစ်တဲ့ ကိုဆောင်းဦးလှိုင်၊ ကိုသားထွေး၊ ဦးရဲလွင်တို့ တက်ရောက်ခဲ့ကြပြီး ကိုမင်းကိုနိုင် အတွက် ဂုဏ်ပြု သီချင်းတွေ သီဆိုခဲ့ကြပါတယ်။

ဒါ့အပြင် BG သွေးကူညီရေး အဖွဲ့အနေနဲ့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ဂုဏ်ပြုတဲ့ အစီအစဉ်တခု အနေနဲ့ အောက်တိုဘာလ (၁၂) ရက်နေ့ ကတည်းစပြီး သွေးလှုဒါန်းနေတယ်လို့ ကိုညီညီက ပြောပါတယ်။

အောက်တိုဘာလ (၁၈) ရက် ကိုမင်းကိုနိုင် မွေးနေ့မှာ မြန်မာပြည်တွင်း သာမက နိုင်ငံတကာမှာပါ မွေးနေ့ ဂုဏ်ပြုပွဲတွေ ကျင်းပဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေက စီစဉ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-17 23:08

ကိုမင်းကိုနိုင်..
မွေးနေ့တိုင်းကိုဘယ်လိုဖြတ်ကျော်ခဲ့သလဲဆိုတာ
ခံစားနားလည်နိုင်ပါတယ်။ဒီလိုမြင့်မြတ်လှတဲ့အကိုနဲ့အတူ..ရန်ကုန်တက္ကသိုလ်ကိုတမ်းတမြင်ယောင်ရင်း..မျက်ရည်တွေစီးကျလျှက်..အကိုတယောက်အသက်ထက်ဆုံးပျော်ရွင်မှုတွေနဲ့..လူအချင်းချင်းညှင်းပန်းခြင်းမှုကင်းဝေးပါစေလို့..ဆုတောင်ပေးပါတယ်..