စစ်ဒဏ်ခံ ကလေးငယ် ပြဿနာ ပင်လုံမှာ အဖြေရှာဖို့ မင်းကိုနိုင် ပြောကြား


2016.08.04
minkonaing-shan-refugees-620.JPG ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က မေတ္တာအိုးဝေ ကျောင်းသားကျောင်းသူတွေ အဆောင်ဖွင့်လှစ်ပွဲမှာ ကိုမင်းကိုနိုင် ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ ကလေးငယ်တွေရဲ့ အရေးကိစ္စတွေကို လာမယ့် ၂၁ ရာစု ပင်လုံ ညီလာခံမှာ ထည့်သွင်းဆွေးနွေး အဖြေရှာကြစေလိုကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က တိုက်တွန်းပါတယ်။

သြဂုတ်လ ၃ ရက်နေ့ မနေ့က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ဘေးဒုက္ခသည် တက္ကသိုလ်ဝင် တန်းဖြေ ဆိုကြမယ့် ကျောင်းသူ၊ ကျောင်းသားတွေနေထိုင်ဖို့ မေတ္တာအိုးဝေ အဆောင်ဖွင့်လှစ်ပွဲမှာ ကိုမင်းကိုနိုင် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ပြည်တွင်းငြိမ်းချမ်းရေးအတွက် အလုပ်လုပ်နေကြတယ်၊ စားပွဲဝိုင်းထိုင်နေကြမယ့်အချိန်မျိုးမှာ ဒီကလေးတွေရဲ့ ဘဝရုပ်ပုံလွှာတွေကို ရိုက်ပေးကြပါ၊ တင်ပေးကြပါ၊ ဒါစစ်ဘေးဒဏ်ခံနေရတဲ့ တစ်ပြည်လုံးက ကလေးတွေရဲ့ အစိတ်အပိုင်းသေးသေးလေးပဲ ရှိပါသေးတယ်၊ သူတို့မျက်လုံးတွေထဲမှာ ကျနော်တို့ ဘာလုပ်ရမယ်ဆိုတာ ပါနေပါတယ်လို့ ကျနော်ပြောချင်တယ်"

ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ကျောက်မဲမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေနဲ့အတူ ကျောင်းသား ၊ ကျောင်းသူ တစ်ရာ ကျော်လောက်ဟာ ကျောက်မဲမြို့မှာ ခိုလှုံနေကြရပါတယ်။

အဲ့ဒီ ထွက်ပြေးလာတဲ့ ကျောင်းသူ၊ ကျောင်းသား ၁ဝဝ ကျော်ထဲက တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသား ၊ ကျောင်းသူ ၂ဝ ကျော်အတွက် မေတ္တာအိုးဝေဆိုတဲ့မည်နဲ့ အဆောင်ကို မနေ့က ဖွင့်လှစ်ပေးခဲ့တာပါ။

အဲ့ဒီကျောင်းသူ၊ ကျောင်းသားတွေဟာ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာက ဖြစ်ပါတယ်။

အဲ့ဒီအကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင် ကို RFA သတင်းထောက် ကိုကံသာ က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။