ရိုဟင်ဂျာလူမျိုးမရှိဘူး သတ္တိရှိရှိပြောဖို့ စစ်ကောင်စီက ဝန်ထမ်းတွေကို ညွှန်ကြား

2021.08.31
ရိုဟင်ဂျာလူမျိုးမရှိဘူး သတ္တိရှိရှိပြောဖို့ စစ်ကောင်စီက ဝန်ထမ်းတွေကို ညွှန်ကြား စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၁ ဩဂုတ် ၃၀ ရက်နေ့က တွေ့ရစဥ်
Photo: Myanmar Military
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိဘူးလို့ ရဲရဲဝံ့ဝံ့ထုတ်ပြောကြဖို့ စစ်ကောင်စီက သူ့လက်အောက်ကဝန်ထမ်း တွေကို သြဂုတ်လအတွင်း လျှို့ဝှက်ညွှန်ကြားခဲ့ပါတယ်။
 
RFA က ရရှိထားတဲ့ အဲဒီညွှန်ကြားချက်မှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး ရိုဟင်ဂျာလူမျိုးမရှိဘဲ သူတို့ဟာ ဘင်္ဂါလီတွေသာဖြစ်တယ်လို့ သတ္တိရှိရှိထုတ်ဖော်ပြောဆိုကြဖို့၊ လက်နက်ကိုင်ဆောင်ပစ်ခတ်မှုတွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေကို ထိထိရောက်ရောက်တားဆီးဖို့၊ ရပ်ကွက်အတွင်း လူစိမ်းအဝင်အထွက်ရှိ မရှိနဲ့ ဧည့်စာရင်းစစ်ဆေးဖို့၊ CDM လုပ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်သူတွေဟာ Non CDM တွေကို ခြိမ်းခြောက် ဖိနှိပ်တာတွေလုပ်နေလို့ ဖော်ထုတ်အရေးယူဖို့၊ ကိုယ်တိုင် CDM မလုပ်ပေမယ့် CDM ကိုလက်ခံပြီး လက် အောက်ငယ်သားတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေကို ဖော်ထုတ်ဖို့ စတဲ့အချက်တွေ အပါအဝင် အချက် ၁၃ ချက်ပါဝင်ပါတယ်။
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဇွန်လ ၈ ရက်မှာ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာမရှိပါဘူး။
 
အစည်းအဝေးအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်တွေကို သြဂုတ်လ ၂၀ ရက်မှာ နယ်လုံဝန်ကြီးတွေကနေတဆင့် ဝန်ထမ်းတွေဆီ လျှို့ဝှက်ပေးပို့ခဲ့တာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။