မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာကို စစ်ကောင်စီကန့်ကွက်

2022.02.03
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာကို စစ်ကောင်စီကန့်ကွက် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂဆွေးနွေးပွဲတစ်ရပ် မြင်ကွင်း။
Photo: Permanent Mission of Myanmar to the United Nations

ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ဗြိတိန်နိုင်ငံရဲ့တောင်းဆိုချက်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တံခါးပိတ် ဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး အဲဒီနေ့မှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာ တစ်ရပ် တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် နိုင်ငံတာဝန်ကို လွှဲပြောင်းရယူခဲ့တာ တစ်နှစ်ပြည့်မြောက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံနဲ့ အဖွဲ့အစည်းအချို့က ကြေညာချက်တွေ ထုတ်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူဟာ ကျင့်ဝတ်နဲ့မညီတဲ့ လှုံ့ဆော်ရေးသားချက်တွေကို ထပ်မံပြုလုပ် ခဲ့တဲ့အတွက် အဲဒီလို သတင်းထုတ်ပြန်ချက်တွေကို ကန့်ကွက်ပယ်ချတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။