တောင်လေးလုံးဆရာတော် ပျံလွန်တော်မူပြီ


2016.05.21

တောင်လေးလုံးဆရာတော် ဘဒ္ဒန ္တပညာဇောတ ခေါ် အမျိုးသားစာပေဆုရှင် ကိုပညာ - အမရပူရဟာ ဒီနေ့မနက် ၁၀ နာရီလောက်က တောင်လေးလုံးကျောင်း တိုက်မှာပဲ ဘဝနတ်ထံပျံလွန်တော်မူသွားပါတယ်။

ဆရာတော်ရဲ့ အန္တိမဈာပနကို စာပေအနုပညာလောကသားတွေကဦးဆောင်ပြုလုပ်ဖို့စီစဉ်နေကြသလို မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကလည်း အစိုးရအနေနဲ့တတ်နိုင်သမျှ ကူညီပံ့ပိုး မယ်လို့ပြောပါတယ်။

"ဈာပနကို ဦးဆောင်ပြီးတော့ဆောင်ရွက်ကြမှာတော့ စာရေးဆရာတွေပေါ့နော်၊ တစ်နိုင်ငံလုံးကလဲလာကြ မှာ၊ ဘာလို့လဲဆိုတော့ အမေမာမွေးနေ့ကို အဲ့ကျောင်းမှာလုပ်တော့ မန္တလေးမှာရှိတဲ့စာရေးဆရာတွေ ရဲ့ဘူမိနက်သန်ပေါ့နော်၊ ကျနော်ကတော့ပြောခဲ့ပါတယ်၊ လိုအပ်တဲ့အကူအညီပြော၊ ကျနော်တို့အစိုးရ အဖွဲ့အနေနဲ့ ကူညီပံ့ပိုးမယ်လို့ပြောခဲ့ပါတယ်"

ဆရာတော်ဟာ တောင်သမန်ဝန်းကျင်က သမိုင်းဝင်နေရာများ ဆိုတဲ့စာအုပ်နဲ့ ၁၉၉၆ ခုနှစ်မှာ အမျိုးသား စာပေဆုရရှိခဲ့သူဖြစ်ပါတယ်။

စစ်အစိုးရခေတ်တလျှောက် တင်းကြပ်ထားတဲ့ကြားက လူထုဒေါ်အမာမွေးနေ့တွေ ၊ စာပေအခန်း အနားတွေကို လက်ခံကျင်းပပေးခဲ့တဲ့ အတွက် ထောက်လှမ်းရေးအဖွဲ့တွေရဲ့ စောင့်ကြည့်မှုကိုလဲခံခဲ့ရသူဖြစ်ပါတယ်။

ဆရာတော်ပျံလွန်တော်မူချိန်မှာ သက်တော် (၈၄)၊ ဝါတော် (၆၄) ရှိပြီဖြစ်ပါတယ်။ ဆရာတော်ရဲ့အန္တိမ ဈာပနကို အင်္ဂါနေ့မှာ မီးသြင်္ဂိုလ်ပြီး အရိုးပြာကို ဂူသွင်းမယ် လို့ သိရပါတယ်။

တောင်လေးလုံးဆရာတော် အမျိုးသားစာပေဆုရှင် ကိုပညာ - အမရပူရ အကြောင်းနဲ့ပတ်သက်လို့ တစ်သက်တာ အမျိုးသားစာပေဆုရှင် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)၊ စာရေးဆရာ ညီပုလေးနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ရဲ့ အမှတ်တရပြောစကားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။