သြစတေးလျ ငြိမ်းချမ်းရေးဆု ဒေါက်တာ စင်သီယာမောင်ရရှိ
2013.08.18
ထိုင်းနိုင်ငံမဲဆောက်မြို့မှာ အခြေစိုက်ပြီး မြန်မာနိုင်ငံသား ဒုက္ခသည်တွေရဲ့ ကျန်းမာရေးကိုပြုစုစောင့်ရှောက် ပေးနေတဲ့ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်ကို သြစတေးလျနိုင်ငံ က ဆစ်ဒနီငြိမ်းချမ်းရေးဆုချီးမြှင့်လိုက်ပါတယ်။
ဒီဆုဟာ လူသားတွေအတွက် ထူးထူးခြားခြား ဆောင်ရွက်ပေးသူ ပုဂ္ဂိုလ်များကို ဆစ်ဒနီငြိမ်းချမ်းရေး ဖောင်ဒေးရှင်းက ၁၉၉၈ခုနှစ်ကစပြီး နှစ်စဉ် ချီးမြှင့်နေတဲ့ ဆုဖြစ်ပြီး ဒေါက်တာစင်သီယာမောင်ကို ဆုရရှိသူ ၁၆-ဦးမြောက်အဖြစ် ၂၀၁၃ခုနှစ်အတွက် ဆုချီးမြှင့်တာဖြစ်ပါတယ်။
ဒီဆုကို တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး အပါအဝင် အိုင်ယာလန် သမ္မတဟောင်း Mary Robinson နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပါမောက္ခ Muhammad Yunus တို့လည်းအသီးသီးလက်ခံရရှိဘူးပါတယ်။
ဒေါက်တာစင်သီယာမောင်ဟာ နိုင်ငံတကာက ချီးမြှင့်တဲ့ ငြိမ်းချမ်းရေး၊ လွတ်မြောက်ရေး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးစတဲ့ ဆုတွေကို ၁၉၉၉ခုနှစ်ကစပြီး နှစ်စဉ်လိုလိုလက်ခံရရှိခဲ့တာမှာ လက်ခံရရှိတဲ့ ဆုပေါင်း ၁၆ခုရှိပြီ ဖြစ်ပါတယ်။

ဒီဆုကိုလာမယ့် နိုဝင်ဘာလ ၆ရက်နေ့မှာသြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ မြို့တော်ခန်းမမှာ ဆုချီးမြှင့်ပွဲ ကျင်းပမှာ ဖြစ်ပြီး ဖန်သားနဲ့ပြုလုပ်ထားတဲ့ ဆုဖလားနဲ့အတူ ငွေသား သြစတြေးလျ ဒေါ်လာ ၅သောင်း ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။