မိကျောင်းကန်သပိတ် ဖြိုခွဲခံရ


2015.02.26
mechaungkan-hunger-strike-305.jpg မိကျောင်းကန်သပိတ်စခန်းဆန္ဒပြသူတွေကို အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Nay Myo Htun/RFA

စစ်တပ်ကသိမ်းထားတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန်ရပ်ကွက်က နေအိမ်မြေနေရာတွေ ကိုပြန်ပေးဖို့ မြို့တော်ခန်းမအနီးမှာ တောင်းဆိုနေတဲ့ သပိတ်စခန်းကို ဒီနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက် မနက် ၄ နာရီဝန်းကျင်မှာ ရဲအင်အားအလုံးအရင်းနဲ့ ဝင်ရောက် ဖျက်သိမ်းပြီး၊ သပိတ်စခန်းမှာရှိတဲ့ လူအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မျက်မြင်ကိုယ်တွေ့တစ်ဦးဖြစ်တဲ့ လယ်သမားရေးဆောင်ရွက်သူ ကိုကြည်လွင်က RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီနေ့ ၄ နာရီခွဲ အဲဒီ့ကိုရောက် လည်းရောက်ရော အဲဒီ့မှာ ရဲနဲ့ တပ်အင်အားပေါင်း ၂ဝဝ လောက်ရှိတယ်၊ ဝိုင်းပြီးတော့ လက်နက် ကိုယ်စီနဲ့ အတင်းဖြိုလိုက်တာ၊ အဲ့ဒါပဲတွေ့လိုက်ရတယ်ခင်ဗျ"

မိကျောင်းကန်ရပ်ကွက်အပိုင်း ၁-၂-၃ ကို လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်မှာ စစ်တပ်ကသိမ်းလိုက်တဲ့အတွက် မူလဒေသခံတွေဟာ ရန်ကုန်ရဲ့ မြို့စွန်ဘက်တွေကို ရောက်သွားရပါတယ်။ အဲဒီ့အိမ်ယာမြေတွေပြန်ပေးဖို့ သပိတ်စခန်းဖွင့်တောင်းဆိုနေတာ အခုဆိုရင် ၁၁ လရှိပြီဖြစ်ပါတယ်။

ဒီကိစ္စအတွက် ခေါင်းဆောင်ဦးစိန်သန်းနဲ့ မြို့တော်ခန်းမရှေ့ဆန္ဒပြသူ ၁၄ ဦးကိုလည်း ထောင်ချထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။