မိကျောင်းကန်သပိတ်ဆန္ဒပြသူ ၁၄ ဦး ထောင် ၆ လစီ ချမှတ်ခံရ


2015.02.18
meechaungkan-court-305.jpg မြို့တော်ခန်းမရှေ့ ပိတ်ဆို့ဆန္ဒပြခဲ့တဲ့ မိကျောင်းကန်သပိတ် စခန်း ဆန္ဒပြသူ ၁၄ ဦးကို ဒီဇင်ဘာလ ၂၃ ရက်နေ့ က ကျောက်တံတားမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ်
Photo: Kyaw Zaw Win/RFA

ရန်ကုန်မြို့မြို့တော်ခန်းမဝင်ပေါက်ကို ပိတ်ဆို့ဆန္ဒပြ ခဲ့တဲ့အတွက် တရားစွဲဆိုခံထားရသူ မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူ ၁၄ ဦးကို ကျောက်တံတား မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။

ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး အမိန့်ချလိုက်တာဖြစ်တယ်လို့ တရားရုံးကို သွားရောက် ခဲ့တဲ့ မိကျောင်းကန်သပိတ်စခန်းက ကိုဘိုသိန်းကပြော ပါတယ်။

" မြို့တော်ခန်းမထွက်ပေါက်ကို ပိတ်ဆို့ပြီးတော့ ထွက်ပေါက်ကို ဆန္ဒပြတဲ့အမှု ၆ လလို့ပြောပါတယ် ၊ ကျနော်တို့ ထိုင်သပိတ်နဲ့၊ စီတန်းလှည့်လည်မှု နှစ်ခုပေါ့နော်၊ ဒီနေ့ ၁၈ ရက်နေ့မှာ ၉ နာရီ ခွဲလောက်မှာ သွားတယ်၊ ၁၀ နာရီလောက်မှာ အမိန့်ချတာ ၆ လဆို ပြီးတော့"

အမိန့်ချခံရသူ ၁၄ ဦးဟာ သင်္ဃန်းကျွန်းမြိ့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ က သိမ်းဆည်းခံရတဲ့ မြေနေ ရာတွေ ပြန် လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလက မြို့တော်ခန်းမဝင်ပေါက်မှာ ပိတ်ဆို့ဆန္ဒပြခဲ့တာ ဖြစ် ပါတယ်။

အဲ့ဒီ ဆန္ဒပြသူ ၁၄ ဦးကို မြို့တော်စည်ပင်သာယာဦးစီးဌာနက တရားမဝင်စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ တရားမဝင်စုဝေးမှု ပုဒ်မ ၁၃၄၊ မတရား တားဆီးကန့်ကွက်မှု ပုဒ်မ ၃၄၁ တို့နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ မြို့တော်ခန်းမအနီးမှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတာ ၉ လနီးပါး လောက်ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။