မန္တလေးက ဆန္ဒပြကျောင်းသားတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့


2018.01.25
bakatha-students-mdy-622 ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဗကသကျောင်းသားတွေ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ က ဆန္ဒပြစဉ်
Photo: Khaymani Win/ RFA

ပညာရေးဘတ်ဂျတ် တိုးမြှင့်ပေးဖို့အတွက် မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာ ဆန္ဒထုတ်ဖော်နေကြတဲ့ ကျောင်း သားအချို့ကို ယနေ့မနက်အစာပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူစုခွဲကာ နေရပ်ကိုပြန်ပို့လိုက်ပါတယ်။

အစိုးရသစ်အနေနဲ့ ကျောင်းသားသပိတ်ကို အဲဒီလို ဖမ်းဆီးလူစုခွဲတာမျိုး မလုပ်သင့်ဘူးလို့ ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ စည်းရုံးရေးမှူး ကိုရဲမျိုးဆွေ က ပြောပါတယ်။

"ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆွေးနွေးမလဲဆိုတာကိုပဲ ကျနော်တို့က စဉ်းစားစေချင်တယ်၊ အရင်အစိုးရလို တစ်ခုခုဖြစ်တိုင်း ဖမ်းမယ်ဆီးမယ်ထောင်ချမယ် ဒီလိုပဲဖြေရှင်းခဲ့တာဗျ၊ အခုအစိုးရအသစ်အနေနဲ့ ဒီလိုမလုပ်သင့်ဘူး လို့မြင်တယ်ဗျ"

ပညာရေးအသုံးစရိတ် တိုးမြင့်ပေးဖို့အတွက် မန္တလေး ရတနာပုံတက္ကသိုလ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့က ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူအချို့က ဆန္ဒပြကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။

ဆန္ဒဖော်ထုတ်ရာမှာပါဝင်ခဲ့တဲ့ ကျောင်းသား ၇၂ ယောက်ကို သက်ဆိုင်ရာနေရာတွေကို ပြန်ပို့ခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးနဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ရံုံးကို သတင်းမီဒီယာသမားတွေက သွားရောက်မေးမြန်းတဲ့ အခါမှာ တာဝန်ယူပြီး ဖြေဆိုပေးမယ့်သူမရှိခဲ့ပါဘူး။

ပညာရေးဝန်ကြီးဌာနအနေနဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ ၆ လစာအသုံးစားရိတ် အတွက် ကျပ်ငွေ ၈၀၀ ဘီလီယံ တောင်းခံထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။