ပညာရေးဘတ်ဂျက် တိုးပေးရေး ထောက်ခံလက်မှတ် ကောက်ခံမည်


2018.02.20
education-budget-signature-622.jpg ပညာရေးဘတ်ဂျက် တိုးမြင့်ပေးရေး ထောက်ခံလက်မှတ်တွေ ကောက်ယူတဲ့အကြောင်း ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး ဦးဆောင်လှုပ်ရှားမှုကော်မတီက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရှင်းလင်းစဉ်
Photo: Khaymani win/RFA

ပညာရေးဘတ်ဂျက် တိုးမြင့်ပးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေ ကောက်ခံသွားမယ်လို့ ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး ဦးဆောင်လှုပ်ရှားမှုကော်မတီ ခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။

ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမတွေနဲ့ အများပြည်သူတွေရဲ့ လက်မှတ်တွေကို ကောက်ခံမှာဖြစ်တယ်လို့  ပညာရေးအသုံးစရိတ် တိုးမြှင့်ရေး ဦးဆောင်လှုပ်ရှားမှုကော်မတီက ကိုရဲမျိုးဆွေက မန္တလေးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဆရာ၊ ဆရာမတွေ၊ ပါမောက္ခတွေနဲ့ ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးပိုင်း အဦးမှာ ဒေါက်တာသိန်းဝင်းတို့၊ ဒေါက်တာ အောင်အောင်မြင့်တို့၊ နောက် မန္တလေးခရိုင်ထဲမှာရှိတဲ့  တက္ကသိုလ် ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ တောင်းဆိုချက် သုံးချက်လုံးကို လက်ခံတယ်။ ဒါပေမဲ့ တောင်းဆိုချက်အပေါ်မှာ သဘောထား ကွဲလွဲမှုရှိတယ်။ ကျနော်တို့ အဲဒီဟာကို လက်ခံနိုင်တယ်။ ရတယ်၊ ကျနော်တို့အနေနဲ့ ဆရာ၊ ဆရာမတွေရော၊ ဆရာကြီးတွေရော ပါနိုင်မယ့် အနေအထားပေါ့။ ဒီအခြေအနေက ကျနော်တို့ ကျောင်းတွင်းဆွေးနွေးပွဲတွေ လုပ်သွားကြဦးမှာ။ ရှေ့ဆက်ပြီးတော့ ဥပမာ ဘတ်ဂျက်တိုးပေးဖို့ ဘယ်လမ်းကြောင်းသွားသင့်တယ်။ ကျနော်တို့ လွှတ်တော်သွားရမယ်ဆိုတာ ဒါ နောက်ဆုံးလမ်း၊ မဟုတ်လည်း သွားရမယ်ဟာကို။ ကျနော်တို့ ကြားထဲမှာ ကျောင်းနဲ့ ဆွေးနွေးပွဲလုပ်မယ်။ ဥပမာ ကျနော်တို့ ပညာရေးဘတ်ဂျက် ဘယ်ဟာ ဘယ်ဟာတွေလိုနေတယ်။ ကျနော်တို့ ဘယ်လောက် ဘယ်လောက် ရရမှ အဆင်ပြေမယ်။ အဲဒါတွေ ကျနော်တို့ ဆွေးနွေးပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်။ နောက်တစ်ချက်ကပေါ့ ကျနော်တို့ တောင်းဆိုမှုတွေအကုန်လုံး ကျောင်းသား၊ ကျောင်းသူတွေ အသံ ပါနိုင်အောင်။ အသံအကုန်ပါနိုင်အောင်ဆိုတော့ အရင်တစ်ခေါက်က မပါဘူးလားဆိုတော့ မဟုတ်ဘူးပေါ့ ဗျာ။ ဒါပေမဲ့ လုပ်နည်းလုပ်ဟန်အရ နည်းနည်း ပြောင်းလိုက်တဲ့ သဘောပေါ့"

အဲဒီလိုကောက်ခံမှုကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ် ၂၁ ကျောင်းက  ပါဝင်မှာဖြစ်ပြီး တခြားကျောင်းတွေကိုလည်း ပါဝင်ပေးဖို့ မေတ္တာရပ်ခံစာတွေ ပေးပို့သွားမှာဖြစ်တယ်လို့ ကိုရဲမျိုးဆွေက ပြောပါတယ်။

ပခုက္ကူတက္ကသိုလ်မှာ ဒီနေ့စတင်ကောက်ခံနေပြီး ရတနာပုံတက္ကသိုလ်မှာတော့ ဒီလကုန်လောက်မှာ စတင်ကောက်ခံသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ပညာရေးဘတ်ဂျက် တိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ လက်မှတ်တွေကို လာမယ့် မတ်လ ၁၃ ရက် နောက်ဆုံးထား ကာ ကောက်ခံသွားမှာဖြစ်ပြီး ဧပြီလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ထံ ပေးပို့ သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။