မန္တလေးမှာ သေဆုံးနေတဲ့ အမျိုးသမီးအလောင်းတစ်ခု တွေ့ရှိ
2021.05.05

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မင်္ဂလာစျေးဟောင်း ကွင်းပြင်မှာ သေဆုံးနေတဲ့ အမျိုးသမီး အလောင်းတစ်ခု မေ ၅ ရက်နေ့၊ ဒီနေ့မနက် ၉ နာရီခန့်က တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတစ်ခုက သိရပါတယ်။
"သေဆုံးသူဟာ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီးတော့ သူမှာ ဆေးစာအုပ်ရှိတာ တွေ့ရတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကတော့ အကုန်လုံး ပျက်စီးနေပါပြီ။ အခုတော့ ပြင်ဦးလွင် စစ်ဆေးရုံကို ပို့လိုက်ပါပြီ"လို့ အမည်မဖော်လိုတဲ့ လူမှုကူညီရေး လုပ်ဆောင်သူတစ်ယောက်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ အမည်မသိ သေဆုံးသူတွေ တွေ့ရှိရတာ မကြာခဏ ဖြစ်လာနေပါတယ်။