မန္တလေး ခရိုင်တရားရုံးအနီး တရားရေးရိပ်သာမှာ ဗုံးပေါက်ကွဲမှုဖြစ်

2021.04.30
မန္တလေး ခရိုင်တရားရုံးအနီး တရားရေးရိပ်သာမှာ ဗုံးပေါက်ကွဲမှုဖြစ် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ခရိုင်တရားရုံးကို ၂၀၂၀၊ ဇွန် ၉ ရက်နေ့က မြင်တွေ့ရစဉ်
Photo: RFA

မန္တလေးမြို့၊ချမ်းအေးသာစံ မြို့နယ်၊ ခရိုင်တရားရုံးဘေးက တရားရေးရိပ်သာမှာ ဧပြီ ၃၀ ရက်နေ့၊ ဒီနေ့ မနက် ၁၀ နာရီမထိုးခင်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ တရားရုံးအနီး နေထိုင်သူတွေက ပြောပါတယ်။

"အသံအကျယ်ကြီးကြားလိုက်ရတယ်။ အခုတော့ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင် အဖွဲ့တွေ ရောက်လာကြပြီ။ လူထိခိုက်တာတော့ မကြားမိဘူး"လို့ မျက်မြင်တွေ့သူတယောက်က RFA ကိုပြောပါတယ်။

မန္တလေးမြို့မှာ ဒီရက်ပိုင်း မြို့တော်ဝန်အိမ်၊ ဒုမြို့တော်ဝန်အိမ် ၊စည်ပင် လိုင်းခန်းနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ် အပါအဝင် နေရာတော်တော်များများမှာ ဗုံးပေါက်ကွဲတာတွေ နေ့စဥ်ရက်ဆက်ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။