မန္တလေးစည်ပင်ကော်မတီဝင်တွေ စင်ကာပူလေ့လာရေးခရီးသွား


2017.04.18
mcdc-singapore-620.jpg စင်ကာပူနိုင်ငံကို လေ့လာရေးသွားကြတဲ့ မန္တလေးစည်ပင်ကော်မတီဝင်တွေကို ဧပြီလ ၁၈ ရက်နေ့က ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်
photo: ရဲမွန်

မန္တလေးမြို့တော်စည်ပင်သာယာရေးကေ်ာမတီ ဒုတိယမြို့တော်ဝန်နဲ့ ကေ်ာမတီဝင် ၇ ဦးဟာ စင်ကာပူနိုင်ငံရဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတွေကို လေ့လာနိုင်ဖို့ စင်ကာပူနိုင်ငံကို ဒီနေ့ ထွက်ခွာခဲ့ပါတယ်။

လေ့လာရေးခရီးစဉ်က ၆ ရက်ကြာမြင့်မှာဖြစ်ပြီး ခရီးစဉ်အတွင်းမှာ စင်ကာပူနိုင်ငံရဲ့ စနစ်တွေ အကြောင်း လေ့ လာကြမှာဖြစ်တယ်လို့ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်း က ပြောပါတယ်။

"သူတို့ လေ့လာရေးက ဒီက မြို့တော်ဝန်ကြီးအစီအစဉ်နဲ့ လွှတ်တာဗျ၊ ဒုမြို့တော်ဝန်အပါအဝင် ကော် မတီဝင် ၇ ယောက် စုစုပေါင်း ၈ယောက်၊ ကိုယ့်ပိုက်ဆံကိုယ်သွားကြတာဗျ၊ အဓိကတော့ စင်ကာပူမြို့ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ မြို့ဖွဲစည်းပုံ့ တည်ဆောက်ရေးလုပ်ငန်းတွေ ရေဆိုးထုတ်တဲ့ စနစ် တို့ နောက်တစ်ခါ ဒီမှာလည်း ပရောဂျက်တွေရှိတာကို အဲ့ဒါနဲ့ ပတ်သက်ပြီး လေ့လာရေးသွားကြတာပါ၊ သူတို့ ဟိုမှာတော့တာဝန်ရှိတဲ့သူ ၄ဦးလောက်နဲ့တွေ့ဖို့ အစီအစဉ်ရှိတယ်လို့လည်းပြောပါတယ်"

မန္တလေးစည်ပင် ကော်မတီဝင်တွေရဲ့ စင်ကာပူနိုင်ငံ လေ့လာရေးခရီးစဉ်ဟာ နိုင်ငံတော်ဘတ်ဂျက်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်နဲ့သွားတာမဟုတ်ဘဲ ကော်မတီဝင် တစ်ဦးချင်းက ကိုယ်ပိုင်ငွေနဲ့ အကုန်အကျခံပြီး သွားရောက်လေ့လာတာ ဖြစ်တယ်လို့လည်း ဦးအောင်ကျော်ထွန်း က ပြောပါ တယ်။

ဒီခရီးစဉ်ဟာ မန္တလေးစည်ပင်သာယာရေးကော်မတီဝင်တွေ တစ်စုတစ်စည်းတည်း သွားရောက်လေ့လာတဲ့ ပထမ ဆုံး ခရီးစဉ်လည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။