မအူပင် လူမှုအဖွဲ့အစည်းများ မြို့နယ်တွင်း ပြဿနာ များ ဆွေးနွေး
2014.09.07
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀၀ ကျော်က ကိုယ်စားလှယ်တွေက လူ့အခွင့်အရေး၊ လယ်သမားအရေး၊ ငြိမ်းချမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်ပြီး မနေ့ကနဲ့ ဒီနေ့ ၂ ရက်ကြာ ဆွေးနွေးနေကြပါတယ်။
မအူပင်မြို့နယ် တိုးရွှေဝါခန်းမ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ကဏ္ဍအလိုက် ဟောပြောဆွေးနွေး ကြတာဖြစ်တယ်လို့ ဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့မှာ ပါဝင်တဲ့ ပျိုးခင်းသစ်ဖောင်ဒေးရှင်းက ကိုထိုက်ထိုက် က ပြောပါတယ်။
"ဟောပြာတဲ့ အကြောင်းအရာတွေက ဆရာ ဦးဝင်းမျိုးသူက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှှု၊ သဘာဝ ပတ်ဝန်းကျင်ဆက်စပ်နေတော့ မြေယာပြဿနာ၊ ကိုမင်းကိုနိုင်က ငြိမ်းချမ်းရေးနဲ့ တရားမျှတမှှု ဆရာမ ဒေါ်ခွန်ဂျာက တိုင်းရင်းသားအခွင့်အရေးနဲ့ အမျိုးသမီးများ အခန်းကဏ္ဍမြှင့်တင်မှှု၊ ဆရာ ရန်မိုးသိန်းက လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ အရပ်ဘက်အဖွဲ့များရဲ့အခန်းကဏ္ဍ၊ ဆရာ အောင်မျိုးမင်းက လူ့အခွင့်အရေး၊ ဆရာမကြီး သန်းမြင့်အောင်က အားကောင်းသော လူမှှု ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နောက် ဆရာ ဦးသိုက်အောင်က PSO လုပ်ငန်းများနဲ့ မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်း လူငယ်များ အခန်းကဏ္ဍပြောပါတယ်"
ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်ဦးဆောင်တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ ၊ နိုင်ငံရေးပါတီတွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်စတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။