အကြမ်းဖက်မှုတွေအပေါ် အရေးယူပေးဖို့ မြန်မာအစိုးရကို မလေးရှား တိုက်တွန်း
2013.10.05
မွတ်စလင်တွေပေါ် လူ့အခွင့်အရေး ချိုးဖောက်တာအပါအဝင် အကြမ်းဖက်မှုလုပ်ရပ်မှန်သမျှ အဆုံးသတ်သွားအောင် အပြုသဘောဆောင် အရေးယူဆောင်ရွက်ဖို့ မြန်မာအစိုးရကို မလေးရှားနိုင်ငံက မနေ့က တိုက်တွန်းလိုက်ပါတယ်။
ဒီပြဿနာကို မြန်မာအစိုးရက တရားမျှမျှတတနဲ့ အမြန်ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ မလေးရှားနိုင်ငံက အပြည့်အဝ ယုံကြည်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Datuk Seri Aman က ပြောကြားပါတယ်။
မြန်မာအစိုးရက အောက်တိုဘာ ၂ ရက်မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအရအရေးယူပြီး မီးလောင်ကျွမ်းသွားတဲ့ နေအိမ်တွေကို ပြန်ဆောက်လုပ်ပေးမယ် လို့ ဖော်ပြထားတာကို မလေးရှားနိုင်ငံက ကြိုဆိုတဲ့အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေငြာချက် မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ မွတ်စလင်နဲ့ ဗုဒ္ဒဘာသာဝင်တွေကြား နောက်ဆုံးဖြစ်ပွားတဲ့ အကြမ်းဖက်မှုကို မလေးရှားနိုင်ငံက အထူးစိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်းလည်း ပြောကြားပါတယ်။