အကြမ်းဖက်ရိုက်နှက်မှု ရန်ကုန်တိုင်း အစိုးရမှာ တာဝန်ရှိကြောင်း ၈၈ အဖွဲ့ပြော
2015.03.06

ရန်ကုန်မြို့တော်ခန်းမရှေ့ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေရဲ့ ရိုက်နှက်ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ ကျောင်း သူ ကျောင်းသားတွေနဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့ အစည်း အဖွဲ့ဝင်တွေက အကြမ်းဖက်ရိုက်နှက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရမှာ တာဝန် ရှိကြောင်း ပြောပါတယ်။
ဒီနေ့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ သတင်းစာ ရှင်းလင်းပွဲကျင်းပပြီး ပြောခဲ့တာဖြစ်ပါတယ်။
မနေ့က ရိုက်နှက်ဖမ်းဆီးခံရတဲ့ ၈ ဦးထဲက တစ်ဦးဖြစ် တဲ့ ၈၈ အဖွဲ့ဝင် ကိုမျိုးသန့်က တိုင်းဒေသကြီးအစိုးရမှာ တာဝန်ရှိကြောင်း ပြောခဲ့တာပါ။
"ဒီလိုမျိုးအကြမ်းဖက်ဖြေရှင်းမှုမျိုးဟာ ဘယ်ပြဿနာကိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး၊ ပိုမိုကြီးထွားနိုင်တဲ့ ကိစ္စပဲဖြစ်တယ်လို့ အဓိကပြောလိုပါတယ်၊ အထူးသဖြင့် အရပ်သားတွေကို တာဝန်ဆိုတဲ့လက်ပတ် ပတ်ပေးရုံနဲ့ တကယ်တာဝန်ရှိသွားသလား၊ ပိုမိုပြီး ဒီထက်အရေးကြီးတာက အဲ့ဒီတာဝန်ဆိုပြီးလက်ပတ် ပတ်ထားတဲ့သူတွေကို ဒီလိုလုပ်ဖို့အတွက် ဘယ်သူက တာဝန်ပေးသလဲ ဆိုတာက ပိုအရေးကြီးပါတယ်၊ ကျနော်တို့အမြင်ကတော့ တိုင်းဒေသကြီး အစိုးရရဲ့တာဝန်ဟာ အဓိကကျတယ်"
မြို့တော်ခန်းမအနီးမှာ ကျောင်းသား ကျောင်းသူတွေနဲ့ ၈၈မျိုးဆက်အဖွဲ့ဝင်တွေက လက်ပံတန်းမြို့က ပင်မကျောင်း သားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတာတွေမလုပ်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
သူတို့အားလုံး ဒီနေ့မနက်က ပြန်လည်လွှတ်မြောက်လာပြီး ပုဒ်မ ၁၈ နဲ့ အရေးယူခံရမယ်လို့ ရန်ကုန်အရှေ့ပိုင်း ခရိုင်ရဲမှူးက ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။