မလေးရှားမှာ Grab ဒရိုင်ဘာသတ်ဖြတ်မှု မြန်မာနှစ်ဦးကိုဖမ်းဆီး


2018.06.26
grab-neon-622 မလေးရှားနိုင်ငံက Grab တက္ကစီကားကြော်ငြာ။
Courtesy: Malaysia Mail

မလေးရှားနိုင်ငံ ဆီလယမ်းမြို့နယ်မှာ ပြီးခဲ့တဲ့စနေနေ့က Grab အငှားကားဒရိုင်ဘာတယောက်ကို သတ်ဖြတ်မှုနဲ့ မြန်မာအမျိုးသားတယောက်၊ အမျိုးသမီးတယောက်ကို ဖမ်းဆီးလိုက်တယ်လို့ မလေးရှားရဲက ပြောပါတယ်။

သူတို့နှစ်ယောက်ကို ဒရိုင်ဘာက ဆီလယမ်းမြို့နယ်အတွင်း ညလယ်ခေါင် ၁ နာရီလောက်မှာ တင်ခေါ်ခဲ့တာဖြစ်ပြီး၊ ကားဒရိုင်ဘာရဲ့အလောင်းကို စနေနေ့ည ၈ နာရီ ၂ဝ မိနစ်လောက်မှာ သူ့ရဲ့ ပရာဒိုကားထဲမှာ လည်ပင်းညှစ်သတ်ထားတဲ့ဒဏ်ရာနဲ့ ရှာတွေ့ခဲ့တာလို့ ဂွမ်ဘတ်ခ်ခရိုင် ဒုတိယရဲမှူးက ပြောပါတယ်။

အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ ဒရိုင်ဘာဟာ သူ့ရဲ့တီရှပ်တထည်နဲ့ လည်ပင်းကိုအညှစ်ခံခဲ့ရပြီး အသက်ရှူရပ် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဒရိုင်ဘာရဲ့လက်ကိုင်ဖုန်းနဲ့ ပိုက်ဆံအိတ်လည်း ပျောက်ဆုံးနေပါတယ်။

ဘာကြောင့်သတ်ရသလဲ ဆိုတာ သိဖို့အတွက် နောက်ဆုံးခရီးသည်တွေဖြစ်တဲ့ မြန်မာလူမျိုးနှစ်ယောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။