ရန်ကုန်မှာ ရောက်နေတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း အဆို

မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍက ပါဝင်သင့်တယ်လို့ ရန်ကုန်မြို့မှာ ရောက်နေတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပါတယ်။

2011.11.02
malaysia-mahathir-305.jpg မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်ကို ၂၀၀၈ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောဆိုနေစဉ် တွေ့ရပုံ။
UN

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒေသ အကျိုးစီးပွား အတွက် တစ်သံတည်း အတူတကွ ရှိကြမယ်ဆိုရင် ပိုပြီး အကျိုးများ အောင်မြင်နိုင်မယ်လို့ ဒေါက်တာ မဟာသီယာက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ မနေ့က ပြုလုပ်တဲ့ စီးပွားရေး ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

Globalisation လို ကမ္ဘာဆန်လာခြင်းကြောင့် တိုးများလာတဲ့ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ ဆိုရင် ညီညွတ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ကမ္ဘာဆန်လာခြင်းကြောင့် မိမိတို့ အာဆီယံနိုင်ငံတွေရဲ့ ထုတ်ကုန် ဈေးကွက်တွေ ကြီးမား ကျယ်ပြန့်လာ သလို တစ်ဘက်မှာလည်း ဆိုးကျိုးတွေ ရှိတယ်လို့ သူက ပြောပါတယ်။ မနေ့က ဆွေးနွေးပွဲမှာ စီးပွားရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ၄ ခု လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ မဟာသီယာ တွေ့ဆုံဖို့ ရှိတယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အာအက်ဖ်အေကို အတည်ပြု ပြောဆိုပါတယ်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာဟာ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်-UMFCCI ရဲ့ဖိတ်ကြားချက် အရ မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်နေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-03 13:41

why not adviced the government how to create jobs for people in order not to immigrate to the other countries with very low paid and living under discriminations? or you need more worker from Myanmar and put your civialians living in relaxation!