မိုင်းယော်ရွာ လူသတ်မှု တပ်မတော်သား ၇ ဦးကို ထောင်ဒဏ် ချမှတ်
2016.09.15

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာ အဝင်မှာဖြစ်ပွာခဲ့တဲ့ ရွာသား ၇ ဦး အသတ်ခံ ရမှုအထဲက မိုင်းယော်ကျေးရွာ အနီးပြောင်းခင်းထဲမှာ အသတ်ခံထားရတဲ့ အမျိုးသားငါးဦး အမှုနဲ့ဆက်စပ်ပြီး တပ်မေတာ်က စစ်ဆေးနေတဲ့ စကခ(၁ဝ) တပ်မှူးအပါအဝင် ခမရ ၃၆၂ က အရာရှိနဲ့ တပ်ကြပ်အဆင့်ထိ ၇ ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၅ နှစ်စီ မနေ့က ချမှတ်လိုက်ပါတယ်။
နေ့လည် နှစ်နာရီလောက်မှာ အမိန့်ချခဲ့တာဖြစ်တယ်လို့ မိုင်ယော်တိုက်နယ်ကျေးရွာ မိုင်းကပ် ကျေးရွာသူကြီး ဦးကျော်အေးနဲ့စကားပြန်အဖြစ်ပါသွားတဲ့ ကိုစိုင်းကောင်ခမ်းက အခုလိုပြောပါတယ်။
"နိုင်ငံတော်ကချမှတ်ထားတဲ့ပြစ်ဒဏ်ကို ဖတ်ပြတယ်ဗျာ၊ ဖတ်ပြပြီးတော့ ထောင်ဒဏ် တစ်ယောက်ကို ၅ နှစ်ကျခံရမယ်လို့ အလုပ်ကြမ်းနဲ့ပေါ့"
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းထဲမှာ စစ်ဆေးတာဖြစ်ပြီး မနေ့မနက် ၉ နာရီမှာ ရွာသားတွေကို အမှုစစ်ဆေးတာကိုနားထောင်ဖို့ခေါ်ယူခဲ့တာဖြစ်ကြောင်း သွားရောက်နားထောင်ခဲ့တဲ့ ရွာသားတွေက အာအက်ဖ်အေကို ပြောပြတာပါ။
မိုင်ယော်ကျေးရွာအဝင်မှာ ဇွန်လ ၂၅ ရက်နေ့က အလောင်းခုနှစ်လောင်း တွေ့ရှိခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်တွေ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ဇွန်လ၂၉ ရက်နေ့မှာ သွားရောက်တူဖော်ခဲ့ကြည့်ခဲ့တာမှာ ၅ လောင်းဟာ မိုင်းယော်ဒေသခံရွာသားတွေရဲ့ အလောင်းဖြစ်နေ တာဖြစ်ပါတယ်။
ကျန်တဲ့ အလောင်း၂ လောင်းကိစ္စကိုတော့ လားရှိုးမြို့နယ်ရဲစခန်းမှာ မိသားစုဝင်တွေက အမှုဖွင့်ထားဆဲဖြစ် ပါတယ်။