တန်ဖိုးနည်းအိမ်ရာ ဆောက် လုပ်ရေး အစီအစဉ် တင်ပြပေးမယ်လို့ ဒုဝန်ကြီးပြော
2014.07.22

ငွေကျပ် သိန်းတစ်ရာအောက် တန်ဖိုးနည်း အိမ်ရာတွေ ဆောက်လုပ်နိုင်ဖို့ ပြည်ထောင်စုအစိုးရကို တင်ပြပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ဒီနေ့ ပြည်သူ့လွှတ်တော် မှာ ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က လှိုင်သာယာမြို့နယ်က ကျူးကျော်တွေကိစ္စကို ဖြေ ရှင်းပေးဖို့နဲ့ နေထိုင်ရေးအခက်အခဲရှိနေတဲ့ ဝင်ငွေ နည်းဝန်ထမ်း၊ လူတန်းစားတွေအတွက် တန်ဖိုးနည်း အိမ်ရာတွေကို နိုင်ငံတော်က အမြန်ဆုံးဆောက် လုပ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ ဒီနေ့ မေးမြန်းတာကို ဝန်ကြီး ဦးစိုးတင့်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"လက်ရှိအခြေအနေမှာ တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူနိုင်စွမ်းမရှိသေးတဲ့ ဝင်ငွေနည်း နိုင်ငံ့ဝန်ထမ်းပင်စည်စားများ၊ ဝင်ငွေနည်း ပြည်သူများအတွက် အငှား အိမ်ရာများကို နိုင်ငံတော်အစိုးရရဲ့ မူဝါဒနဲ့အညီ မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရများနဲ့ ညှိနှိုင်းလျှက်ရှိပြီး ပြည်ထောင်စုအစိုးရရဲ့ ဘဏ္ဍာငွေခွင့်ပြုမှုနဲ့ အိမ်ရာဆောက်လုပ်ရန် မြေနေရာ ရရှိမှု ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်များနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် မူတည်ပြီးတော့ ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပါတယ်၊ တည်းဖိုးနည်းတိုက်ခန်းများအား ကျပ်သိန်း ၁ဝဝ အောက် ရောက်ရှိစေရေး အတွက် ပြည်ထောင်စုအစိုးရထံ တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်"
ဒါ့အပြင် လှိုင်သာယာမြို့နယ်က ကျူးကျော်အိမ်တွေအရေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဖြေရှင်းပေးမှာဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောခဲ့ပါတယ်။
အစိုးရမှတ်တမ်းတွေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျူးကျော်အိမ် နှစ်သောင်း ခြောက်ထောင်ကျော်ရှိပြီး လှိုင်သာယာမြို့နယ်မှာ ကျူးကျော်အိမ် ၆ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။